Posts

အပိုင်း ၇၀

ရှောင်ဝူနှင့်အတူညစာခဏစားသည်မှလွဲ၍ ဒီတစ်ကြိမ်တွင်မူ ထန်စန်းမှာအချိန်အတော်ကြာကျင့်စဉ်ကျင့်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဝိညာဉ်စွမ်းအားမှာ အဆင့်၃၀သို့ရောက်ခါနီးပြီဖြစ်ကြောင်းခံစားမိ၍ဖြစ်၏။ အားစိုက်၍ကြိုးစားလိုက်ပါက အဆင့်၃၀သို့မြန်မြန်ရောက်ကာ တတိယမြှောက်ဝိညာဉ်ကွင်းအားရနိုင်မည်ပင်။ သိုက်မုပိုင်နှင့်တိုက်ခိုက်လိုက်ရခြင်းက ထန်စန်းအား သူစွမ်းအားမှာနိမ့်ကျနေသေးကြောင်း သတိပြုမိစေ၏။ စိတ်ဝိညာဉ်ကိုမသုံးပဲ သူတို့နှစ်ယောက်တိုက်ခိုက်ရာ၌ ထန်စန်းမှာ ကြိုးကြာနဂါးဖမ်းယူခြင်း၊ ဆန်းကြယ်​ကျောက်စိမ်းလက်စသောာ ပညာရပ်များကို အမှီသဟဲပြု၍ အသားစီးရယူနိုင်သည်။ သို့သော် သိုက်မုပိုင်ကစိတ်ဝိညာဉ်အသွင်းပြောင်းခြင်းသုံးပြီးနောက် ထန်စန်း၏ကြိုးကြာနဂါးဖမ်းလက်မှာ သူ့အပေါ်၌သိပ်အလုပ်မဖြစ်တော့၊ အားနည်းချက်က ထင်ရှားလာသည်။ ဤသည်က ခွန်အားခြင်းကွာဟမှုကြောင့်ပင်။ သိုက်မုပိုင်၏စွမ်းအားကို ထန်စန်းသေချာတွက်ချက်ကြည့်ရင်း တစ်ခုသိလိုက်သည်။ အကယ်၍ သိုက်မုပိုင်အား အနိုင်ယူလိုပါက သူ့ဝိညာဉ်စွမ်းအား အားမြန်နိုင်သမျှမြန်မြန်မြှင့်တင်ရမည်ဖြစ်၏။ သိုက်မုပိုင်နှင့်စွမ်းအားအဆင့်ချင်း သိပ်မကွာပဲ တတိယမြှောက်ဝိညာဉ်ကွင်းပိုင်ဆိုင်ထားမှသာ သူ့အားထိပ်တိုက်...

အပိုင်း ၆၉

နှင်းဆီတည်းခိုခန်း၏အပြင်အဆင်က တမူထူးခြားလှ၏။ အရောင်တွဲစပ်ထားပုံမှာ ရိုးရှင်းကာ အမြင်အားသက်တောင့်သက်သာရှိစေသည်။ တည်းခိုခန်းအတွင်းသင်းပျံနေသော နှင်းဆီရနံ့က လူအများ၏စိတ်အားကြည်လင်ပေါ့ပါးစေသည်။ ထိပ်ဆုံးထပ်၏အတွင်းကျဆုံးအပိုင်း၌ ထန်စန်းက ပင်လယ်နီဟုရေးထားသော အခန်းတံခါးအားတွေ့လိုက်ရသည်။ အပေါ်ဆုံးအထပ်၌ အခန်းအနည်းငယ်သာရှိသည်။ သူဖြတ်လျှောက်လာခဲ့သော အခန်းများ၏နာမည်များမှာ ထူးဆန်းလှချေ၏။ အပြာရောင်အလှ၊ သိမ်မွေ့ခြင်းပန်းရောင်၊ အဖြူရောင်သန့်စင်ခြင်း စသည် စသည်ဖြင့်ဖြစ်နေသည်။ ယခုအတွင်းကျဆုံးအပိုင်း၌ ရှိသောအခန်း၏အမည်မှာ ပင်လယ်နီပင်။ နောက်ပိုင်းမှ အခန်းတံခါးများကို မတူညီသောနှင်းဆီများ၏အရောင်ကိုကိုယ်စားပြုထားခြင်းဖြစ်ကြောင်း ထန်စန်းသိရ၏။ တံခါးအရောင်မှာ ပလိပ်ပြားပေါ်မှ နာမည်အတိုင်းပင်၊ ကြက်သွေးရောင်တံခါးအား နီညိုရောင်ရှိသော သလင်းကျောက်များဖြင့် နှင်းဆီပုံဖော်ကာအလှဆင်ထားသည်။ ထိုသလင်းနှင်းဆီဘေးတွင် စာလုံးအချို့အား ထောင်လိုက်ရေးထိုးထားသည်ကိုတွေ့ရ၏။ ‘အချစ်ပင်လယ် ပင်လယ်နီခန်းမ’ ထန်စန်းမှာ ငတုံးတစ်ယောက်ဖြစ်နေလျှင်တောင်မှ ဤစာကြောင်းအားကြည့်၍ တစ်ခုခုထူးဆန်းနေကြောင်းတွေးမိမည်ကမလွဲပင်။ သူ့ခေါင်းကိုလှည့်ရင်း ရှောင...

အပိုင်း ၆၈

ထန်စန်းကခပ်ဖျော့ဖျော့ပြုံးသည်။ သူကိုယ်တိုင်လည်း ထွက်ခွာသွားသော သိုက်မုပိုင်၏နောက်ကျောအားကြည့်ရင်း... “ဒီလူကသိပ်အဆိုးကြီးလဲမဟုတ်ပါဘူး၊ အပေါ်ယံမှာအေးစက်စက်ဆိုပေမဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ပါပဲ” ရှောင်ဝူ မျက်နှာကဆူပုပ်သွား၏။ “မဆိုးဘူး ဟုတ်လား၊ ငါကဆိုးတယ်ဆိုရင် ဆိုးလို့ပေါ့၊ ကောင်မလေးနှစ်ယောက်ကိုခေါ်ပြီး အခန်းတစ်ခန်းလာငှားတယ်ဆိုမှတော့ နင်ပြောလေ၊ ဒါကလူကောင်းတွေရဲ့လုပ်ရပ်လား၊ နေ့ခင်းကြောင်တောင်ကြီး မိန်းမပျက်နှစ်ယောက်နဲ့ပျော်ပါးဖို့ကြိုးစားနေတယ်၊ ဘာနတ်ဆိုးကျားလဲ၊ တဏှာရူးကျားဆိုပိုမှန်အုံးမယ်” ထန်စန်းပင်လျှင် မျက်မှောင်ကြုပ်လိုက်ရ၏။ “ရှောင်ဝူ မင်းကငါ့ထပ်တောင်ပိုနားလည်နေပါ့လား” ရှောင်ဝူက ထန်စန်း၏မျက်လုံးထဲရှိ မကျေမနပ်ဖြစ်ဟန်အား မမြင်ပါချေ။ သူမကိုယ်သူမဂုဏ်ယူနေဟန်ဖြင့်ဆက်ပြော၏။ “ဟုတ်တာပေါ့ မမေ့နဲ့လေ ငါကနော်ဒင်အကယ်ဒမီရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ဟာကို..” ကူကယ်ရာမဲ့စွာဖြင့် ထန်စန်းကခေါင်းကိုယမ်းကာ ပြောသည်။ “သိုက်မုပိုင်ရဲ့ အကြိုက်ကသူ့ကိစ္စကပဲ၊ ငါကအဲ့တာကိုကြည့်ပြီး အကဲဖြတ်လိုက်တာမဟုတ်ဘူး၊ အခုလေးတင် သူနဲ့တိုက်ခဲ့ရတဲ့တိုက်ပွဲအရ သူ့စရိုက်ကို မဆိုးဘူးလို့ကောက်ချက်ချလိုက်တာ၊ သူ့ခွန်အားက ငါတို့ရဲ့အထက်...

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇

ထန်စန်း၏ဒုတိယဝိညာဉ်ကွင်းစွမ်းရည်​ဖြင့် ခြေချုပ်မိသွားသဖြင့် သိုက်မုပိုင်မှာ သူ၏တတိယမြောက်ဝိညာဉ်ကွင်းစွမ်းရည်ကိုသုံးရုံမှလွဲ၍ တခြားနည်းလမ်းမရှိတော့ပေ။ ယခုလက်ရှိ ရှောင်ဝူနှင့်ထန်စန်းတို့ရှေ့တွင်ရှိသော သိုက်မုပိုင်၏အသွင်သဏ္ဍာန်မှာ နောက်တကြိမ်ထပ်မံပြောင်းလဲသွား၏။ သားရဲစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကြောင့်ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်က ထပ်မံကြီးထွားလာသည်။ ကြီးထွားလာသောကြွက်သားများကြောင့် အဝတ်အစားများပင်စုတ်ပြဲကုန်ကြ၏။ အထူးဆန်းဆုံးအရာက သူ့ကိုယ်ပေါ်၌ပေါ်လာသောအမည်းရောင်အစင်းကြောင်းများပင်၊ သားမွေးများသာ သူ့ကိုယ်ပေါ်၌မရှိပါက သိုက်မုပိုင်မှာ ကျားတစ်​ကောင်နှင့်ခြားနားမည်မဟုတ်။ ကျားလက်ဝါးများကပိုကြီးလာသည်။ လက်သည်းများငွေရောင်တလက်လက်ဖြင့် ပိုမိုချွန်ထက်လာကြ၏။ သိပ်သည်းသောရွှေရောင်အလင်းက သူ့ကိုယ်တဝိုက်၌ဝန်းရံနေသည်။ သွေးနီရောင်မျက်လုံးတစ်စုံ၌ သွေးဆာသည့် အရိပ်အယောင်များကရိပ်သန်းလာသည်။ သူ့တစ်ကိုယ်လုံးမှထွက်ပေါ်လာသောအရှိန်အဝါကသားရဲတို့၏ဘုရင်အလား ထင်မှတ်မိစေ၏။ သူ့ရှေ့ရှိအသွင်ပြောင်းခြင်းမှာ မည်သည်ကိုဆိုလိုမှန်း ထန်စန်းမသိသော်လည်း သိုက်မုပိုင်၏တတိယမြောက်ဝိညာဉ်ကွင်းစွမ်းရည်ဖြစ်ကြောင်းကိုမူ ရိပ်စားမိသည်။ အခြေအန...

အပိုင်း ၆၆

တုံ့ဆိုင်းခြင်းမရှိ ထန်စန်းကနောက်သို့အမြန်ဆုတ်၏။ တစ္ဆေအရိပ်ခြေလှမ်းကြောင့် သိုက်မုပိုင်၏သိုင်းကွက်အား ဆံချည်တစ်မျှင်အလိုလောက်မှပင် ကပ်ရှောင်နိုင်ခဲ့သည်။ တဆက်တည်း သူ့ဘေးတဝိုက်ရှိငွေပြာမြက်များအား ရှေ့သို့တိုးဝင်သွားစေသည်။ ပစ်မှတ်ကား သိုက်မုပိုင်၏ခန္ဓာကိုယ်အားချုပ်နှောင်ရန်ပင်။ ထန်စန်းမှာမူ ရစ်ပတ်နေသောနွယ်များအကြား ​ပျောက်ကွယ်သွား၏။ သိုက်မုပိုင်၏မျက်လုံးများကတောက်ပသွားပြီး တကိုယ်လုံးအားဝိညာဉ်စွမ်းအားဖြင့်ဖုံးအုပ်သွားသည်။ လက်သည်းများအား ဝှေ့ယမ်းလိုက်ရာ တိုးဝင်လာသော နွယ်ပင်များမှာ တစစီဖြစ်သွားရ၏။ ငွေပြာမြက်မှဖြစ်လာသော ထိုနွယ်များအား အစတုန်းကတစ်ချက်တည်းဖြင့် ဖြတ်ပစ်လိုက်မည်ဟု သူတွေးထားသော်လည်း သူတုန်လှုပ်သွား၏။ ထိုနွယ်များမှာ မထင်မှတ်ထားရလောက်အောင်မာကြောနေသည်။ သူ့လက်သည်းများနှင့် အဆင့်၃၇ ဝိညာဉ်စွမ်းအားကိုထည့်ပေါင်းကာ ခုတ်သည့်တိုင်အောင် တဝက်မျှသာဖြတ်နိုင်သည်။ ရုတ်ချည်းဆိုသလို နွယ်ပင်များမှာ နောက်သို့အလျင်အမြန်ဆုတ်သွား၏။ ကျားလက်သည်းများမမှီနိုင်သော အကွာအဝေးသို့တိုင်ဆုတ်သွားပြီးနောက် ပြန်လည်ကုစားနေကြသည်။ နွယ်များဖြန့်ကျက်ရာတစ်ဝိုက် လက်ဖက်ရည်ကဲ့သို့ မွှေးရနံ့ကသင်းပျံနေသည်။ ထိုနွယ်များမှာ မကု...

အပိုင်း ၆၅

ပုခုံးဖြင့်တိုက်မိသည့်အခါ၌ သခင်လေးသိုက်ဆိုသူ၏ရင်ဘတ်ကြွက်သားများမှာ ရုတ်တရက်သံမဏိကဲ့သို့မာကြောသွားကြောင်းထန်စန်းခံစားမိလိုက်၏။ သခင်လေးသိုက်အား အသာစီးယူကာ လွှင့်ထွက်သွားအောင်လုပ်နိုင်ခဲ့သော်လည်း သူ့ပုခုံးမှာတဆစ်ဆစ်ဖြင့်ကိုက်ခဲသွားရသည်သာ။ သခင်လေးသိုက်မှာ အနည်းငယ်ရှက်သွားပုံရသည်။ တစ်ဖက်ရန်သူအား လျှော့တွက်ခဲ့သည်ကသူ့အမှားပင်။ သူ့ထက်နှစ်အနည်းငယ်ပိုငယ်မည့်ပုံရသော ကလေး၏စွမ်းအားက သူထင်ထားသည်ထပ်ပိုကြမ်းနေသည်။ “ဆက်ချချင်သေးလား” ထန်စန်းကတည်ငြိမ်စွာဖြင့်မေးသည်။ သခင်လေးသိုက်၏ နတ်ဆိုးဆန်သောမျက်လုံးများကတောက်ပသွား၏။ “ကောင်းပြီလေ၊ မင်းကငါ့ကိုဝိညာဉ်စွမ်းအားသုံးရအောင်လုပ်နိုင်လိုက်တာပဲ၊ တော်ပါပေတယ်၊ဒီပွဲမှာ ငါရှုံးသွားပြီ၊ ဒါပေမဲ့မင်းကခွန်အားစမ်းကြည့်ချင်တယ်ဆိုမှတော့ ဆက်ချကြတာပေါ့၊ရလဒ်ကိုမေ့ထားလိုက် ရှုံးရှုံးနိုင်နိုင် အဲ့အခန်းကမင်းအပိုင်ပဲ” သခင်လေးသိုက်၏မျက်လုံးများ၌ ရှုံးနိမ့်သွားရသဖြင့် ဒေါသထွက်နေခြင်း မုန်းတီးခြင်းအလျှင်းမရှိ၊ ထူးဆန်းသောအလင်းတချို့လင်းလက်နေသည်။ ထိုအလင်းအားရှင်းပြရန်စကားလုံးမရှိပေ။  ‘လာမည့်တိုက်ပွဲအား ရင်ခုန်စိတ်လှုပ်ရှားခြင်း’ ဟူသောစကားလုံးကပင် အတိကျဆုံးဖော်ပြချက်ဖြစ်ပေလိမ့်...

အပိုင်း ၆၄

ထန်စန်း၏ ‘အစ်ကိုမင်းကို ကာကွယ်ပေးမယ်’ ဟူသောစကားကြောင့် ရှောင်ဝူမှာ တည်ငြိမ်သွားသည်။ သူမကထန်စန်းအားကြည့်ရင်းပြောသည်။ “ဒါဆိုလဲ ဂရုစိုက်နော်” “ဘာတွေစကားများနေကြတာလဲ မင်းတို့နှစ်ယောက်လုံးတက်လာလို့ရတယ်လို့ ငါပြောတယ်လေ” စိတ်မရှည်သည့်ဟန်ဖြင့် သခင်လေးသိုက်ဆိုသူကလှမ်းပြောသည်။ ထန်စန်းမှာမူ စိတ်ကြီးဝင်ခြင်းအလျှင်းမရှိ ရှေ့သို့တက်ရင်း​ပြောလိုက်၏။ “နည်းနည်းပါပါးသင်ပြပေးပါဦး” သခင်လေးသိုက်ဆိုသူက ညာလက်သီးတစ်ချက်အားပစ်လွှတ်လိုက်၏။ ဘာလှည့်ကွက်မှပါ ရှေ့တည့်တည့်မှနေ၍ ထန်စန်းရင်ဘတ်သို့တိုးဝင်လာသည်။ ထန်စန်းအမူအရာကပြောင်းလဲသွားသည်။ ထိုကောင်၏လှုပ်ရှားမှုမှာရိုးရှင်းပုံရသော်လည်း ထိုလက်သီးချက်၌ရုပ်ခွန်အားနှင့်အလျင်အားအကန့်အသတ်ထိအသုံးပြုထားပေသည်။ ပေါများသောတိုက်ပွဲအတွေ့အကြုံမရှိဘဲ ထိုကဲ့သို့စွမ်းအားအား ရုတ်ချည်းအပြည့်အဝအသုံးချနိုင်မည်နည်း။ ထိုကဲ့သို့လက်သီးချက်နှင့်ရင်ဆိုင်ရသော်လည်း ထန်စန်းမှာ နောက်မဆုတ်ပေ။ တဖက်လူ၏အဟုန်ကရုတ်တရက်တိုးလာခြင်းကြောင့်သာ လက်သီးချက်ကထိုမျှစွမ်းအားပြင်းနေရခြင်းဖြစ်သည်။ ထို့​အတွက်ကြောင့် ထန်စန်းကနောက်ဆုတ်မည်မဟုတ်၊ သူကရှေ့သို့ပင်တိုးလာ၏။ ညာခြေကိုအားပြု၍တိုးလိုက်ရာ ရှေ့သို့ ၃မီတာမျှ...