အပိုင်း ၆၄

ထန်စန်း၏ ‘အစ်ကိုမင်းကို ကာကွယ်ပေးမယ်’ ဟူသောစကားကြောင့် ရှောင်ဝူမှာ တည်ငြိမ်သွားသည်။ သူမကထန်စန်းအားကြည့်ရင်းပြောသည်။

“ဒါဆိုလဲ ဂရုစိုက်နော်”

“ဘာတွေစကားများနေကြတာလဲ မင်းတို့နှစ်ယောက်လုံးတက်လာလို့ရတယ်လို့ ငါပြောတယ်လေ”

စိတ်မရှည်သည့်ဟန်ဖြင့် သခင်လေးသိုက်ဆိုသူကလှမ်းပြောသည်။

ထန်စန်းမှာမူ စိတ်ကြီးဝင်ခြင်းအလျှင်းမရှိ ရှေ့သို့တက်ရင်း​ပြောလိုက်၏။

“နည်းနည်းပါပါးသင်ပြပေးပါဦး”

သခင်လေးသိုက်ဆိုသူက ညာလက်သီးတစ်ချက်အားပစ်လွှတ်လိုက်၏။ ဘာလှည့်ကွက်မှပါ ရှေ့တည့်တည့်မှနေ၍ ထန်စန်းရင်ဘတ်သို့တိုးဝင်လာသည်။ ထန်စန်းအမူအရာကပြောင်းလဲသွားသည်။ ထိုကောင်၏လှုပ်ရှားမှုမှာရိုးရှင်းပုံရသော်လည်း ထိုလက်သီးချက်၌ရုပ်ခွန်အားနှင့်အလျင်အားအကန့်အသတ်ထိအသုံးပြုထားပေသည်။ ပေါများသောတိုက်ပွဲအတွေ့အကြုံမရှိဘဲ ထိုကဲ့သို့စွမ်းအားအား ရုတ်ချည်းအပြည့်အဝအသုံးချနိုင်မည်နည်း။

ထိုကဲ့သို့လက်သီးချက်နှင့်ရင်ဆိုင်ရသော်လည်း ထန်စန်းမှာ နောက်မဆုတ်ပေ။ တဖက်လူ၏အဟုန်ကရုတ်တရက်တိုးလာခြင်းကြောင့်သာ လက်သီးချက်ကထိုမျှစွမ်းအားပြင်းနေရခြင်းဖြစ်သည်။ ထို့​အတွက်ကြောင့် ထန်စန်းကနောက်ဆုတ်မည်မဟုတ်၊ သူကရှေ့သို့ပင်တိုးလာ၏။ ညာခြေကိုအားပြု၍တိုးလိုက်ရာ ရှေ့သို့ ၃မီတာမျှပင်ရောက်သွားသည်။ ထန်စန်း၏ရည်ရွယ်ချက်ကရိုးရှင်းလှသည်။ ရန်သူ့အနီးသို့ရအောင်ကပ်၍ တစ်ဖက်လူ၏အရှိန်အဟုန်အားနှောက်ယှက်မည်ပင်။

ထန်စန်းကလည်း ဘယ်လက်သီးတစ်ချက်အားပစ်လွှတ်လိုက်သည်။ မျက်တောင်တခတ်အတွင်း ထန်စန်း၏လက်များက နို့နှစ်ရောင်သမ်းနေသောကျောက်စိမ်းကဲ့သို့ဖြစ်သွား၏။

ဖန်းး..ဆိုသည့်အသံနှင့်အတူ လက်သီးနှစ်ချက်မှာထိပ်တိုက်တွေ့သွားသည်။ သခင်းလေးသိုက်ဆိုသူမှာ ရုတ်ချည်းပင်ရပ်တန့်သွားသော်လည်း ထန်စန်းမှာမူ ခြေလေး ငါးလှမ်းမျှပင်ဆုတ်လိုက်ရ၏။

သခင်လေးသိုက်မျက်လုံးများ၌ အံသြသည့်ဟန်ကဖြတ်ပြေးသွားသည်။ သူ့ထပ်နှစ်အနည်းငယ်မျှပိုငယ်မည့် ကလေးကသူ့လက်သီးအားရပ်သွားစေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ထန်စန်း၏လက်သီးချက်က သခင်လေးသိုက်ဆိုသူအား ပို၍အံအားသင့်စေသည်။ သူ့လက်သီးချက်က စွမ်းအားအရာ၌ပိုသာမှန်းသိသော်လည်း လက်ရှိတွင် ထိပ်တိုက်တွေ့ခဲ့သော သူ့ညာလက်က တဆစ်ဆစ်ဖြင့်ကိုက်ခဲနေသည်။ လက်သီးချင်းယှဉ်ထိုးမိရာတွင် ထန်စန်းလက်မှာ သံမဏိကဲ့သို့မာကျောနေကြောင်း သူသတိထားမိလိုက်သည်။

ထန်စန်းကမူ ပိုတောင်အံသြနေသေး၏။ သိထားရမည်မှာ သူ့လက်သီးချက်၌ ဆန်းကြယ်ကောင်းကင်ပညာရပ်၏ကိုယ်တွင်းစွမ်းအင်များသာပါဝင်နေသည်မက အရွယ်နှင့်မလိုက်အောင်ကြီးမားနေသော ရုပ်ခွန်အားလည်းပါဝင်နေသည်။ နှစ်အနည်းငယ်ခန့် ပန်းပဲထုလာခဲ့သည်ကြောင့် သူ့ရုပ်ခွန်အားကပင် သာမန်လူကြီးတစ်ယောက်၏ အထက်တွင်ရှိသည်။ ဆန်းကြယ်ကျောက်စိမ်းလက်၏အစွမ်းများပါထည့်သုံးထားသည့်တိုင်အောင် သူကရှုံးနိမ့်သွားရသေးသည်လား။

ပြိုင်ဘက်၏ရုပ်ခွန်အားမှာ သန်မာလှသော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားနေခြင်းမဟုတ်။ ရှိသမျှခွန်အားကို တစ်နေရာထဲ၌သိပ်သည်းထားခြင်းမျှသာ၊ ထန်စန်းပင်မပြင်ဆင်ပဲ သူ့ခွန်အားအလုံးစုံကိုလက်သီးတစ်ချက်တွင်း လျှပ်တပြက်သိပ်သည်း
နိုင်သော်လည်း သူ့ချီနှင့်သွေးများအားဝန်ပိစေမည်ဖြစ်သည်။

“ကောင်းသကွာ ငါ့လက်သီးချက်ကိုခံနိုင်တယ်ဆိုမှတော့ မင်းကငါ့ပြိုင်ဘက်ဖြစ်ဖို့အရည်အချင်းရှိတယ်”

သခင်လေးသိုက်ဆိုသူက အော်ဟစ်လိုက်ကာ နောက်တကြိမ်လှုပ်ရှားလိုက်သည်။ သူ့တိုက်ခိုက်မှုမှာ အရင်ကကဲ့သို့မရိုးရှင်းတော့။ တစ်ကိုယ်လုံးက ရှေ့သို့တိုးဝင်လာသည်။  ခြေလက်လေးချောင်းလုံးကိုသုံး၍​ခုန်အုပ်လိုက်သည်။ ဟာကွက်များကယုတ္တိမရှိစွာဖြင့်ပေါ်လွင်နေ၏။ သူ့ခြေလက်များမှာ ဖြေးညှင်းစွာလှုပ်ရှားနေသောလည်း အကန့်အသတ်မရှိသောသိုင်းကွက်များကိုရုတ်ချည်းဖော်ထုတ်နိုင်သည့်အလား။

ထန်စန်းက၏ အမူအရာကကြီးမားစွာပြောင်းလဲသွား၏။ ဒူးနှစ်ဖက်အားအနည်းငယ်ကွေးလိုက်သည်။ ​အရှေ့သို့ထုတ်ထားသော ဘယ်လက်အားပြန်ရုတ်၍ ညာလက်အား ထုတ်လိုက်၏။ တမူထူးခြားသော ကိုယ်ဟန်အနေအထားကဲ့သို့ဖြစ်သွားစေသည်။

သခင်သိုက်ဆိုသူ၏ ထိုသိုင်းကွက်မှာ သူ့နာမည်ဂုဏ်သတင်းအားတည်ဆောက်ပေးခဲ့ခြင်းပင်၊ တဖက်ရန်သူကမည်သည့်နည်းဖြင့်ခုခံပါစေ သူ့တွင်တုံပြန်ရန်နည်းလမ်းများစွာရှိ၏။ သူ့လှုပ်ရှားမှာမှုမှာ အပေါ်ယံကြည့်ပါက ဟာကွက်များဖြင့်ပြည့်နေပုံပေါ်သော်လည်း သူ့ခြေလက်များက ရုတ်ချည်းဆိုသလို လက်နက်များအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။

သို့သော် သူ့တိုက်ကွက်အား အပြည့်အဝအသက်မသွင်းရသေးခင်မှာပင်၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော စွမ်းအားတစ်ရပ်က အောက်မှပေါ်လာ၏။ ပြင်းထန်သောစွမ်းအားရိုက်ခတ်မှုမဖြစ်ခဲ့သော်လည်း ထိုကြမ်တမ်းသောစွမ်းအားက သူ့အားအောက်သို့ဆွဲချနေသည်။ သခင်လေးသိုက်မှာ လေထဲတွင်ရှိနေသဖြင့် ကုပ်ယူရန်အားကိုမည်သည့်နေရာ၌ရှာရမည်နည်း။ ဆွဲငင်လာသည့်အား အားမတွန်းကန်နိုင်သဖြင့် အောက်သို့ပြန်ပြုတ်ကျလာသည်။ ဤသို့ဖြင့် သူ့တိုက်ကွက်မှာ ပျက်ပြယ်သွားတော့၏။

ဒီဆွဲအားကဘာလဲဟ၊ ထိုအတွေးက သခင်လေးသိုက်၏စိတ်ထဲသို့ ရုတ်ချည်းတိုးဝင်လာသည်။ပေါများသောတိုက်ပွဲအတွေ့အကြုံကြောင့် ပျာယာမခတ်သွားပဲ လေထဲ၌ကျားတစ်ကောင်ကဲ့သို့ ခါးအားလှည့်ရင်း တပတ်လှည့်ကာ ကြောင်ကျကျလာ၏။

ထိုအချိန်မှာပင် ထန်စန်းကစတင်တိုက်ခိုက်လိုက်သည်။ သူက သခင်လေးသိုက်၏ခြေထောက်များမြေသို့ထိမည့်အချိန်အားတွက်၍ ရုတ်ချည်းတိုက်ခိုက်လိုက်သည်။ ထိုအချိန်၌ဟန်ချက်ထိန်းနေသည့်အတွက် ခွန်အားထုတ်သုံးရန်ခက်ခဲလှသည်ဖြစ်ရာ တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင်မဟုတ်ပါလား။

တစ္ဆေအရိပ်ခြေလှမ်းအားသုံး၍ ခြေလှမ်းလိုက်ရာ သခင်လေးသိုက်၏ဘေး၌ရုတ်ချည်းပေါ်လာသည်။ လက်ဝါးနှစ်ချက်အား သခင်လေးသိုက်၏ပုခုံးသို့ ပစ်သွင်းလိုက်သည်။

သခင်လေးသိုက်၏မျက်လုံးထဲ၌ နတ်ဆိုးဆန်သောအလင်းက ဖြတ်ပြေးသွား၏။ သူ့မျက်လုံးအစုံရှိ သူငယ်အိမ်လေးခုလုံးမှာ ရုတ်ချည်းပင်တောက်ပလာကြသည်။ ခပ်ပြင်းပြင်း အသက်ရှုထုတ်သံနှင့်အတူ ပုခုံးနှစ်ဖက်လုံးကနောက်သို့အနည်းငယ်တွန့်သွားသည်။ လက်သီးနှစ်ချက်အားနောက်တကြိမ်ပစ်သွင်း၍ တိုးဝင်လာသောထန်စန်း၏တံတောင်ဆစ်အားလှမ်းထိုးသည်။ အားကုန်သုံး၍ လေထဲဲသို့လှမ်းထိုးလိုက်ရာ လေထုအက်ကွဲသံများပင်ပေါ်လာသည်။ ဘေးဘက်မှကြည့်ပါက ထိုလက်သီးချက်နှစ်ခုလုံး၌ ကြီးမားသောရုပ်ခွန်အားများပါဝင်နေသည်ကိုမြင်နိုင်၏။

လက်သီးချက်နှစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြသည်။ တချိန်မှာပင် သခင်လေးသိုက်ကညာခြေအား လျက်တပြက်မြှောက်၍ ထန်စန်း၏မေးစေ့အားလှမ်းကန်သည်။ အတော်ပင်ပျော့ပြောင်းလွယ်သော ခန္ဓာကိုယ်ပင်။ သူ့စွမ်းအားကထန်စန်းထပ်ပ်ပိုသာပေရာ သူ့တိုက်ကွက်က ထန်စန်းအား တစ်ချက်မျှဖြစ်ဖြစ်ထိမှန်ခဲ့ပါလျှင် ထန်စန်းမှာ ဆက်လက်တိုက်ခိုက်နိုင်မည်မဟုတ်။

သို့သော် ထန်စန်းက မည်သို့များ သူ့ဆုတောင်းအတိုင်းဖြစ်စေမည်နည်း။ သူ့တွင်အထူးပညာတစ်ခုရှိသေးကြောင်း ပရိတ်သတ်များမမေ့ကြနှင့်။

လက်ဝါးချက်က ရပ်တန့်ချင်းမရှိ ဆက်တိုက်ကျလာသည်။ သခင်လေးသိုက်ရာ သူပုခုံးများတွန့်ကာရှောင်၏။ ပစ်မှတ်ပျောက်သွားသော်လည်းထန်စန်းမှာ လက်ဝါးချက်အားပြန်မသိမ်း လက်ဝါးအောက်စိုက်ကာ အနည်းငယ်ဝှေ့ယမ်းလိုက်သည်။ ခနချင်းပင် သခင်လေးသိုက်မှာ သူ့ပတ်ဝန်းကျင်၌ အစောကလျှို့ဝှက်ဆန်းကြယ်ဆွဲအားကပြန်ပေါ်လာသည်ကိုခံစားမိလိုက်၏။ ထန်စန်း၏လက်ဝါးအားရိုက်ချပစ်ချင်သော သခင်လေးသိုက်၏လက်သီးချက်များက ဘေးသို့လွှဲချော်သွားသည်။

တချက်ဝှေ့ယမ်းပြီးနောက် ဘယ်ခြေအားထောက်၍ ကိုယ်အားတစ်ဖက်သို့ယို့သည်။ ခန္ဓာကိုအားစောင်းလိုက်ရင်း သခင်လေးသိုက်ဆိုသူ၏ရင်ဘတ်အားဝင်တိုက်ပစ်လိုက်၏။ သခင်လေးသိုက်ခြေကန်မည့် အချိန်အားတွက်၍ ကြိုးကြာနဂါးဖမ်းလက်ကိုသုံးကာ ကိုယ်လုံးဖြင့်ဝင်တိုက်ရန်က ထန်စန်း၏အစီအစဉ်ပင်။
(ထန်စန်းသုံးတဲ့ ကြိုးကြာနဂါးဖမ်းလက်ကို မရှင်းကြမှာစိုးလို့ ကြိုးကြာနဂါးဖမ်းလက်က ရှောင်လင်ဂိုဏ်းရဲ့နဂါးဖမ်းလက်သိုင်းလိုမျိုးဟတဖက်ရန်သူရဲ့ကိုယ်လုံးကိုထိကိုင်ပြီး ချုပ်နှောင်ရတဲ့ပညာရပ်မျိုးမဟုတ်ဘူးဗျ၊ ချီစွမ်းအားကိုသုံးပြီး အဝေးကနေချုပ်နှောင်နိုင်တဲ့ပညာရပ်မျိုး ဝမ်လင်းရဲဲ့ အဆင့်နိမ့်ပိုင်းအဆင့်တွေမှာသုံးခဲ့တဲ့ ဆွဲငင်အားလက်လိုမျိုး အရာဝတ္ထုတွေကိုဆွဲယူနိုင်တယ် လွှင့်ပစ်နိုင်တယ်)

ယခုအချိန်တွင် သခင်လေးသိုက်၏ခြေထောက်မှာလေထဲ၌ဖြစ်ရာ ရှောင်တိမ်းဖို့ရန်နေရာလွတ်မရှိတော့၊ ခွန်အားအပြည့်ထည့်ထားသော ထိုလက်သီးနှစ်ချက်ကအကျိုးမဲ့ဖြစ်သွားချေပြီ။

ဖန်းဆိုသည့်အသံအတူ ထန်စန်း၏ပုခုံးတိုက်ချက်က သခင်လေးသိုက် ရင်ဘတ်အားထိမှန်သွားသည်။ ဘေးနားတွင်ကြည့်နေသော အမြွှာညီအစ်မမှာ အထိတ်တ်တလန့်ဖြင့်အော်လိုက်ကြ၏။ သခင်သိုက်၏ကိုယ်မှာ ငါးမီတာကျော်ခန့်မျှလွင့်ထွက်သွားခဲ့သည်။

ထန်စန်း၏လွှင့်ထွက်သွားသော သခင်လေးသိုက်၏နောက်သို့လိုက်ကာ ဆက်လက်မတိုက်ခိုက်ချေ။ တခြားလူ၏ရင်ဘတ်ကို ဝင်တိုက်နိုင်ခဲ့သော်လည်း အများကြီး အကျိုးသက်ရောက်မှုမရှိကြောင်း သူသိလိုက်၍ပင်။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇