အပိုင်း ၄၇

ရှောင်ဝူကလည်း အရှုံးမခံတစ်ဖက်ခြမ်းအား အထင်သေးဟန်ဖြင့်ပြန်ကြည့်၏။ သူမ၏ချစ်ဖို့ကောင်းသောမျက်နှာနှင့်သေးသွယ်သောခန္ဓာကိုယ်လေးကြောင့် အထင်သေးဟန်အကြည့်ကသူမအားသရုပ်မပျက်စေဘဲ တစ်မျိုးလေးပင်ဆန်းစေသည်။ သူမလေးကတစ်ဖက်ခြမ်းအား လက်ညှိုးထိုးကာ...

“ခေါင်းဆောင်ရှောင်ဆိုတဲ့အကောင် လာတိုက်လေနင်ကြောက်နေတာလား၊ ငါ့ထပ်အငယ်ဖြစ်တော့မှာမို့လို့ ကြောက်သေးပန်းသွားတာလား”

“ဟား ဟား”
ခေါင်းဆောင်ရှောင်ဆို ဟန်ပင်မဆောင်လှောင်ရယ်လိုက်ရင်း...

“ငါကဘယ်လိုလုပ် မင်းလိုကလေးမကိုကြောက်ရမှာတုန်း၊ ဟေ့ကောင် ဝမ်ရှန်း မင်းတို့အလုပ်သင်ကျောင်းသားတွေရူးသွားပြီလား၊ ငါနဲ့ချခိုင်းဖို့ဒီလိုကလေးမလေးကိုရှာလာတယ်ပေါ့၊ ကောင်မလေး ငါဘယ်သူမှန်းမင်းမသိဘူးလား၊ ငါကခေါင်းဆောင်ရှောင်ပဲ၊ ဒီကျောင်းဝန်းထဲမှာမပြော နော်ဒင်မြို့ထဲမှာတောင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ငါ့ကိုအနှောက်အယှက်မပေးရဲကြဘူး သိရဲ့လား”

ရှောင်ဝူကမူစိတ်မရှည်တော့...

“အရေးမပါတွေပြောမနေနဲ့ စရအောင်၊ နင်ပြော ငါတို့ဘယ်လိုချကြမလဲ”

ခေါင်းဆောင်ရှောင်ဆိုသူ၏ မျက်လုံးများကကျဥ်း​မြောင်းသွားသည်။ ကောက်ကျစ်သောဟန်ဖြင့်ပြော၏။

“စိတ်အေးအေးထားပါ၊ ငါမင်းကိုအနိုင်မကျင့်ပါဘူး၊ မင်းဘက်မှာ လူဆယ်ယောက်ရှိတယ်ဆိုတော့ ငါ့ဘက်ကလဲလူဆယ်ယောက်ပဲသုံးမယ်၊ သူတို့တစ်ယောက်ချင်းစီကိုရှေ့ထွက်တိုက်ခိုင်းမယ်၊ နိုင်သွားတဲ့လူကနောက်တစ်ယောက်ကိုဆက်တိုက်ရမယ်၊အဲ့နည်းနဲ့တစ်ဖက်အဖွဲ့က ဆယ်ယောက်လုံးပြုတ်သွားရင်နိုင်ပြီ ဘယ်လိုလဲမျှတရဲ့လား”

ကျောင်းသားများအကြားခေါင်းဆောင်ဖြစ်လာသည့်အတွက် ဤခေါင်းဆောင်ရှောင်ဆိုသူမှာအလောတကြီးဆုံးဖြတ်တတ်သူမဟုတ်ပေ၊ ဆန့်ကျင်ဘက်အားဖြင့် အလွန်လည်သောသူပင်။ ရှောင်ဝူ၏ပုံစံမှာခြိမ်းခြောက်နိုင်ပုံမရသော်လည်း ခေါင်းဆောင်ရှောင်မှာ ဝမ်ရှန်းနှင့်တစ်ရက်နှစ်ရက်သာတိုက်ခိုက်ခဲ့ခြင်းမဟုတ်၊ ဝမ်ရှန်း၏ခွန်အားအားသူသေချာနားလည်၏။ ဤကောင်မလေးတွင်အစွမ်းအစတချို့မရှိပါက မည်သည့်အတွက်ကြောင့် ဝမ်ရှန်းမှာ သူမအားအလုပ်သင်ကျောင်းသာများ၏ကိုယ်စားပြုအနေဖြင့် ကျေကျေနပ်နပ်လက်ခံမည်နည်း။

ဒီကောင်မလေးက ဘယ်လောက်များစွမ်းအားကြီးမှာလဲ၊သူ့ဘက်၌အတန်းကြီးကျောင်းသားများရှိကြသည်သာမက သူတို့တစ်ယောက်ချင်းစီမှာလည်း အားမနည်းပါချေ။ အလုပ်သင်ကျောင်းသားများဘက်၌ဝမ်ရှန်းတစ်ယောက်သာ စွမ်းရည်အချို့ရှိသည်ဟုသတ်မှတ်နိုင်သည်။ ထိုကောင်မလေးပါပေါင်းထည့်ပါက အလွန်ဆုံးမှနှစ်ယောက်သာ၊ သူ့ညီအကိုများဖြင့်ပင် သူတို့အဖွဲ့အားအလွယ်တကူရိုက်ချနိုင်၏။ သူကိုယ်တိုင်ပင်ရှေ့ထွက်ရန်မလို၊ ဒီပွဲမှာနဂိုတည်းကနိုင်ပြီးသားပင်။ ပွဲစည်းမျဉ်းမှာ မျှတပုံပေါ်သော်လည်းတကယ်ပင်မျှတပါ၏လော။

ဝမ်ရှန်းမှာ ခေါင်းဆောင်ရှောင်ဆိုသူ ဘာကြံနေသည်အားသိလိုက်သည်။ ပါးစပ်ကိုဖွင့်ပြီး ပြောမည်ပြုသော်လည်း ရှောင်ဝူ့စကားသံက သူထပ်အရင်ရှေ့ကထွက်လာ၏။

“ကောင်းပြီလေ ဒီတိုင်းပဲထားလိုက်တော့၊ နင်တို့ထဲက ဘယ်သူကအရင်ဆုံးထွက်လာမလဲ”

ရှောင်ဝူ၏သဘောတူသံမှာ အရင်ထွက်လာသဖြင့် ဝမ်ရှန်းမှာတာဆီးဖို့နောက်ကျသွားပြီပင်...

ခေါင်းဆောင်ရှောင်၏နောက်လိုက်များမှာ နှုတ်ခမ်းများတွန့်ကွေးသွားကြ၏။ သူတို့ထဲမှ အရပ်ခပ်မြင့်မြင့် အတန်းကြီးတစ်ယောက်ကရှေ့ထွက်လာသည်။

ဝမ်ရှန်းကအံကြိတ်လိုက်ရင်း...

“အစ်မရှောင်ဝူ ကျတော်အရင်သွားပါရစေ”

တဖက်ရှိအတန်းကြီး ကျောင်းသားအားသူရင်းရင်းနှီးနှီးသိ၏။ ထိုကောင်ကသူနှင့်အတန်းတူပင်၊ ဝမ်ရှန်းမှာထိုကောင်နှင့်အကြိမ်များစွာတိုက်ခိုက်ဖူးသော်လည်း ရလဒ်မှာမူစိတ်ပျက်စရာကောင်းလှသည်သာ။ ထိုကျောင်းသား၏စိတ်ဝိညာဉ်မှာတုတ်ချောင်းတစ်ချောင်းဖြစ်၏။ သို့သော်သာမန် တုတ်ချောင်းတော့မဟုတ်။

ရှောင်းဝူက အစ်မကြီးတစ်ယောက်ဟန်ပန်မျိုးဖြင့် ခေါင်းညိတ်ပြသည်။

ဝမ်ရှန်းမှာ အသက်တစ်ချက်ပြင်းပြင်းရှိုက်ရင်း ရှေ့သို့ထွက်သွား၏။

“လျူလုံ လာစမ်း”

လျူလုံ၏လက်မှ အဝါရောင်အလင်းတစ်ချက်လင်းလက်လာပြီး နှစ်မီတာရှည်သောတုတ်ချောင်းတစ်ချောင်းကပေါ်လာသည်။

“ဘယ်သူလဲလို့ အရှုံးသမားပဲ၊ ငါဒီတစ်ခါမင်းကိုရိုက်ပြီးလို့ နှစ်ရက်သုံးလောက်မထနိုင်မဖြစ်ခဲ့ရင် ငါ့မျိုးရိုးကလျူမဟုတ်ဘူး”

ဝမ်ရှန်းမှာဘာမှပြန်မပြောသော်လည်း သူ့နောက်ရှိရှောင်ဝူကခပ်နောက်နောက်ပြုံးရင်း. .

“တကယ်လို့နင်ရှုံးသွားရင် နင့်ကို ‘မိုးမခပင်ခြောက်’ လို့ခေါ်မယ်”

လျူလုံမျက်နှာထားမှာ အေးစက်သွား၏။ စကားတစ်ခွန်းမှ မပြောပဲရှေ့သို့အမြန်​လှမ်းသည်။ သူ့လက်ထဲမှတုတ်ဖြင့် အပေါ်မှနေ၍ ဝမ်းရှန်းအားရိုက်ချ၏။

ဝမ်ရှန်းကိုယ်ကလည်း ဝိညာဉ်စွမ်းအားအလင်းဖြင့်တောက်ပလာသည်။ ကျားဟိန်းသံတစ်သံကထွက်လာသည်။ သူကရှောင်ပင်မရှောင်နေပဲ ထရန်သူ၏တိုက်ကွက်အား လက်နှစ်ဖက်ဖြင့်ကြတ်ခြေခတ်ကာ၏။

ဖန်းးဆိုသည့့်အသံနှင့်အတူ ဝမ်ရှန်းထံမှအောသံထွက်လာသည်။ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရ၏။ ဝိညာဉ်စွမ်းအင်များဖြင့်ဖုံးလွှမ်းထားသည့့်လက်ဖြင့် ရန်သူ့တုတ်အားလှမ်းဆွဲသည်။ဝိညာဉ်စွမ်းအားဖြင့်ကာကွယ်ထားသည့်တိုင်အောင် ရန်သူ၏တိုက်ကွက်ကသူ့လက်ပေါ်၌အနီရောင်အရာကြီးတစ်ခုအားချန်ထားခဲ့၏။ ရိုက်ချက်မှာမြန်လွန်းသဖြင့်ရှောင်ဖို့ရန်ခက်ခဲလှပေသည်။

လျူလုံ ပါးစပ်ကလှုပ်သွားသည်။

“မင်းကမှတ်ဉာဏ်မကောင်းဘူးနဲ့တူတယ်၊ ဒါကငါ့ရဲ့စိတ်ဝိညာဉ်ပဲ၊ စိတ်ဝိညာဉ်ကိုဖမ်းလို့ရမယ်ထင်လား”

အလင်းကတဖန်ပြန်တောက်ပလာပြီး ဝမ်ရှန်းဆုပ်ကိုင်ထားသည့် တုတ်မှာသူ့လက်ထဲမှပျောက်ကွယ်သွား၏။ ရုတ်ချည်းပင် လျူလုံလက်ထဲ၌ပြန်ပေါ်လာပြီး ဝမ်ရှန်း၏ဗိုက်အားရိုက်ချသည်။ အွတ်ဆိုသောအသံနှင့်အတူ ဝမ်ရှန်းမှာနောက်သို့လဲကျသွားတော့သည်။

ဝမ်ရှန်း၏ဆုံးဖြတ်ချက်မှာ သံသယရှိစရာပင်မလိုအောင်မှန်ကန်၏။ သူ့ခွန်အားမှာ ပြိုင်ဘက်ထပ်ပိုကောင်းသည်မှန်သော်လည်း သူ့တွင်ဝိညာဉ်ကွင်းမရှိသေးပေ။ ထိုအရာက သူ့အတွက် အားနည်းချက်ဖြစ်သွားစေသည်။ စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုလိုက်လျှင်လည်း ခွန်အားသာတိုးသွားမည်ဖြစ်ကာ အမြန်နှုန်းကမူအားနည်းချက်ဖြစ်နေသေး၏။ ယခုလိုတုတ်ရှည်စိတ်ဝိညာဉ်အသုံးပြုသော သူနှင့်တိုက်ခိုက်ရသောအခါဝယ် သူ၏ခွန်အားကလည်း သူ့အား အားသာချက်မဖြစ်စေတော့။

ကျားဟိန်းသံကပြန်လည်ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုအား ပြန်ရုန်းထလိုက်သော်လည်း တုတ်ရိုက်ချက်တစ်ခုက မဆိုင်းမတွရိုက်ချလာပြန်၏။

ပြောရမည်ဆိုလျှင် ဝမ်ရှန်းမှာ အတော်ပင်အကြံခံသည်ဟုဆိုနိုင်သည်။ မကြာခဏအရိုက်ခံရပါများသောကြောင့် နာကျင်မှုဒဏ်ကိုခံ၍ပြန်လည်တိုက်ခိုက်ရာ၌ သာမန်ကျောင်းသားများကမယှဉ်နိုင်ပေ။ အခြေအနေမှာ အားမသာသော်လည်း သူ့အားတိုက်ခိုက်နိုင်စွမ်းမရှိစေရန် ရိုက်ချနိုင်ဖို့ဆိုသည်မှာ လွယကူသောအရာမဟုတ်။ ထန်စန်းနှင့်ရှောင်ဝူအကယ်ဒမီသို့မရောက်ခင်က အလုပ်သင်ကျောင်းသားများကို သူတစ်ယောက်တည်းကာကွယ်ပေးခဲ့ရခြင်းဖြစ်၏။ သူ့တွင်စွမ်းရည်အချို့သာမရှိပါ တခြားသူများ၏အနိုင်ကျင့်မှုကြောင့် သေနေမည်မှာကြာပြီပင်။

“ဝမ်ရှန်းက တကယ်ကိုစိတ်လိုက်မာန်ပါလုပ်တာပဲ၊ ဒီလိုမျိုးရှေ့ကနေတဲ့တိုးတိုက်ခိုက်နေရင် ရန်သူ့အနားကိုတောင်ကပ်နိုင်မှာမဟုတ်ဘူး၊ရန်သူ့အနီးကပ်နိုင်မှသာ နိုင်ဖို့အခွင့်အရေးရှိမှာပေါ့”

အသံတစ်ခုက ရှောင်ဝူ၏မျက်ခုံးလေးများကိုပင့်သွားစေ၏။ သူမခေါင်းလေးအား စောင်းငှဲ့ကြည့်သည်။ သူမမျက်လုံးများထဲ၌ အံအားသင့့်ပျော်ရွှင်နေဟန်များအထင်းသားပေါ်လာ၏။

“ထန်စန်း နင်ပြန်လာပြီလား”

ရှောင်ဝူနားသို့ရောက်လာသူမှာ အမှန်တကယ်ထန်စန်းပင်၊ တောင်ကုန်းပေါ်သို့ရောက်လာပြီး ဖြစ်ပျက်နေသောအဖြစ်အပျက်များကိုမြင်လိုက်သည့်အခါ ချက်ချင်းဆိုသလို ရှောင်ဝူ့နားသို့ချဉ်းကပ်သွားလိုက်သည်။ ထန်စန်းမှာအရပ်အရှည်ကြီးမဟုတ်သောကြောင့် ခေါင်းဆောင်ရှောင်နားရှိမည်သူကမှ သူ့အားသတိမထားမိလိုက်ပါချေ။

ရှောင်ဝူအားကြည့်ရင်း ထန်စန်းကတစုံတခုပြောရန်ဟန်ပြင်လိုက်သော်လည်း မျိုသိပ်ထားလိုက်၏။

သူ့အမူအရာအားရှောင်ဝူကသတိပြုမိသွားပြီး...

“ဘာလဲ ငါကစိတ်လိုက်မာန်ပါလုပ်လွန်းတယ်လို့နင်ပြောမလို့လား”

ထန်စန်းက သူ့ခေါင်းကိုယမ်းကာ​...

“ငါတို့အလုပ်သင်ကျောင်းသားတွေက တခြားသူတွေအနိုင်ကျင့်တာကိုပဲငြိမ်ခံနေလို့မဖြစ်ဘူးလေ၊ နင်လုပ်တာမမှားပါဘူး၊ အတန်းခေါင်းဆောင်တွေနဲ့ဒီလိုတိုက်ခိုက်လိုက်တာကကောင်းပါတယ် ‘ကြိုးပမ်းအားထုတ်မှု တစ်ခုနဲ့ကိစ္စတိုင်းကိုပြေလည်စေတယ်’ ဆိုတဲ့ဆိုရိုးလိုပေါ့၊ ဒါပေမဲ့ နင်သူတို့ကိုဒီလိုမျိုးစိန်မခေါ်ခင် အနိုင်ရဖို့သေချာအောင်လို့ငါ့ကိုနည်းနည်းလောက်ပိုစောင့်ခဲ့သင့်တယ် ”

ဤတွင် အခန်း၁၀ပြီး၏။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇