အပိုင်း ၄၉

အကယ်၍ ပထမဆုံးဝိညာဉ်ကွင်းမရှိသေးပါလျှင်မူ ထန်စန်းမှာ ထိုမျှလောက် အထက်စီးဆန်သောအမူအရာဖြင့်ရှိနေမည်မဟုတ်၊ သို့သော် ဝိညာဉ်ကွင်းရပြီးကတည်းက သူ၏အမြန်နှုန်း၊ခွန်အားနှင့်တုံ့ပြန်မှုတို့မှာ နောက်တစ်ဆင့်သို့တက်သွားခဲ့သည်။ ထန်ဂိုဏ်းသားတို့၏အထူးအရည်အများအနက်တစ်ခုမှာ တစ်ဖက်ရန်သူအား အာရုံခံစွမ်းပင်၊ ကိုယ်ဖော့သိုင်းများ၌လည်းစွမ်းရည်ရှိကြသောကြောင့် အမြန်နှုန်းမှာလည်းသူတို့၏အားသာချက်ဖြစ်၏။ ထို့ကြောင့်အမြန်နှုန်းချင်းယှဉ်လိုပါက ထန်စန်းမှာမည်သူ့ကိုကြောက်ရမည်နည်း။

လင်းဖန်မှာ လေထဲ၌ပုံသဏ္ဍာန်တစ်မျိုးပြောင်းလိုက်သည်။ ပထမနှစ် ဒုတိယနှစ်လောက်သာရှိသည့့်ကျောင်းသားလေးနှင့်တိုက်ရသည်မှာည်မှာ သိက္ခာကျသည်ဟုပင်သူခံစားနေရ၏။ သူ့အစီအစဉ်မှာ ဤကလေးအားအလွယ်တကူလဲသိပ်၍ ရှောင်ဝူအားရှေ့ထွက်လာစေရန်ပင်။

သူ့လက်ဝါးစောင်းက ထန်စန်းလည်ပင်အားထိခါနီးတွင် ထန်စန်းကစတင်လှုပ်ရှားလာသည်။

'ဖီးနစ်အစာကောက်သကဲ့သို့' ထိုသိုင်းကွက်ကလင်းဖန်၏လက်ဝါးစောင်းအားရှောင်ရန်လုံလောက်၏။ ဖီးနစ်တစ်ကောင်အစာကောက်နေသလိုမျိုး ကိုယ်အားရှေ့သို့ကိုင်းညွှတ်ရင်း ညာခြေဖြင့်နောက်သို့အားပြင်းပြင်းကန်လိုက်သည်။ ထို့သို့လုပ်ရာတွင် ထန်စန်းမှာ တစ်ချက်ကလေးမှနောက်သို့လှည့်ပင်မကြည့်ခဲ့ချေ။
(TN-ဖီးနစ်အစာကောက်တာကိုမြင်ဖူးကြမှာ မဟုတ်ပေမဲ့ ကြက်တွေအစာကောက်တာတော့မြင်ဖူးကြတယ်မဟုတ်လား၊ ရှေ့မှာရှိတဲ့အစာကိုကုန်းကောက်ရင်း မြေကြီးခြေနဲ့ပြင်းပြင်းယှက်ကြတာလေ ထန်စန်းသုံးလိုက်တာလည်းအဲ့ပုံစံမျိုးပါ သိုင်းကွက်ဆိုတော့လဲ 'ကြက်အစာကောကသကဲ့သို့'ဆိုပြီးပေးလို့မှမရတာကို )

အိပ်ပျော်နေသောကလေးကဲ့သို့ တည်ငြိမ်၍ ယုန်တစ်ကောင်ကဲ့သို့မြန်ဆန်ပေသည်။ ထန်စန်း၏ ပြီးပြည့်စုံသော ဤကန်ချက်မှာ လျှပ်စီးလက်သလိုမြန်ဆန်လွန်းလှသဖြင့် နှစ်ဖက်လုံးရှိလူများမှာ ရှင်းရှင်းလင်းလင်းပင်မမြင်လိုက်ရ။

ထန်စန်း၏ခြေဖနောင့်ကန်ချက်က လင်းဖန်၏မေးစေ့ဖြင့်ကွက်တိ ထိသွား၏။ လင်းဖန်မှာ လေပေါ်တွင်တတိယအကြိမ်မြောက် ကျွမ်းပြန်သွားရသည်။

ဖန်းဆိုသည့်အသံနှင့်အတူ လင်းဖန်မှာမီတာအတော်ဝေးဝေးသို့လွှင့်ထွက်သွား၏။ လျူလုံ၏ခြေလှမ်းအတိုင်း တခါတည်းသတိမေ့သွားတာ့သည်။ ထန်စန်းကန်ချက်ကြောင့် သူ့မေးရိုးမှာလွဲသွား၏။ ထန်စန်းက ထိုကန်ချက်တွင် ကိုယ်တွင်းစွမ်းအင်မထည့်ခဲ့သောကြောင့် ထိုမျှလောက်သာဖြစ်သွားရခြင်းပင်၊ မဟုတ်ပါက မေးရိုးပါပြုတ်သွားမည်သာ။

ထိုကျေနပ်ဖွယ်ရာ နောက်ပြန်ကန်ချက်မှာ အခြေခံကျသော ဝူရှုးသိုင်းပညာရပ်နည်းစနစ်လည်းဖြစ်၏။ ရိုးရှင်းသော်လည်း ရန်သူအား ကြီးမားစွာထိခိုက်စေနိုင်သည်။

ခေါင်းဆောင်ရှောင်ဘက်ရှိအတန်းကြီးကျောင်းသားများမှာ မျက်လုံးများပင်ပြူးကျယ်သွားကြ၏။ သူတို့ရှေ့တွင်ဖြစ်သွားသောအဖြစ်အပျက်အား မယုံနိုင်ဖြစ်နေကြသည်။

လင်းဖန်၏တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့အုပ်စုတွင် ခေါင်းဆောင်ရှောင်နောက် ဒုတိယနေရာ၌လိုက်၏။ ပထမနှစ် သို့မဟုတ် ဒုတိယနှစ်လောက်သာရှိမည့်ပုံရသောကျောင်းသားလေးအားရင်ဆိုင်ရာ၌ တစ်ကွက်တည်းဖြင့်မှောက်သွားခဲ့သည်လား၊ သူ့အကျွမ်းကျင်ဆုံးသိုင်းကွက်အားထုတ်သုံးသည့်တိုင်အောင် ပြိုင်ဘက်အားထိပင်မထိနိုင်လိုက်။

ခေါင်ဆောင်ရှောင် ဒေါသထွက်ထွက်ဖြင့်ဆဲရေးလိုက်၏။

“ယီးထဲမှ ဘယ်လိုဖြစ်လို့ ဒီလိုအောက်တန်းစားကောင်က ဒီလောက်ကြမ်းနေရတာလဲ”

လင်းဖန်း၏မြေပေါ်ကျသွားသံအားကြားလိုက်ရသည့်အခါ ထန်စန်းကသူမြှောက်ထားသော ခြေထောက်အားချလိုက်သည်။ တည်တည်ငြိမ်ငြိမ်ဖြင့်....

“တစ်ယောက်တော့ကျသွားပြီ”

ခေါင်းဆောင်ရှောင်မှာ တုန်လှုပ်သွား၏။ အလုပ်သင်ကျောင်းများနှင့်အတူရှိနေသော ရှောင်ဝူသည်လည်း သူမနှလုံးသားထဲ၌မှင်တက်သွားမိသည်။ သူမမှာထန်စန်းနှင့်အကြိမ်များတိုက်ခိုက်ခဲ့ဖူးသော်လည်း ထန်စန်းတိုက်ခိုက်သည်ကိုမြင်လိုက်ရသည့်အခါ တစ်စုံတစ်ရာအားသိလိုက်သည်။ ထန်စန်းမှာအရင်င်ထပ်စာပါကအတော်လေးတိုးတက်လာသည့်ပုံပင်၊ ထို့အပြင် တိုက်ခိုက်နေသည့်ထန်စန်းက ပုံမှန်အချိန်နှင့်မတူပဲ ကွဲပြားခြားနားနေပုံရ၏။ ပုံမှန်အချိန်တွင် ထန်စန်းမှာသိမ်မွေ့သောကောင်လေးတစ်ယောက်နှင့်တူသော်လည်း တိုက်ခိုက်သည့်အခါ သားရဲတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်ပေသည်။

ဝမ်ရှန်းမှာ သူ့ကိုယ်ပေါ်ရှိဒါဏ်ရာများကိုပင် ဂရုမစိုက်ိုက်အား ထန်းစန်းကန်ချက်ကြောင့် လင်းဖန်မိုးပေါ်ပျံသွားသည်ကိုကြည့်ရင်း အားရပါးရလှောင်ရယ်နေ၏။ ထို့နောက်ခေါင်းဆောင်ရှောင်ဆိုသူအားလှောင်ပြောင်ဟန်ဖြင့်...

“ဘယ်လိုလဲခေါင်းဆောင်ရှောင်း ရလဒ်ကိုသဘောကျကျေနပ်ပါရဲ့လား၊ ဒါတောင်ငါတို့ဘက်ကထန်စန်းက သူ့စိတ်ဝိညာဉ်ကိုတောင်ထုတ်မသုံးရသေးဘူးနော်၊ မင်းတို့အနေနဲ့အရှုံးကိုမြန်မြန်ဝန်ခံလိုက်တာကောင်းမယ်၊ အသားမနာာတော့ဘူးပေါ့ ဟားဟား”

သုန်မှုန်နေသောမျက်နှာဖြင့် ခေါင်းဆောင်ရှောင်းကထွက်လာ၏။ သူတို့ဘက်ကနှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့သောကြောင့် ရွေးစရာမရှိပဲကွင်းထဲသို့ သူကိုယ်တိုင်ဝင်ရတော့မည်သာ၊ သူ့ကိုယ်သူမေးမိသည်။ သူ့တို့ဘက်အခြမ်း၌ သူ့အပြင်လင်းဖန်ကဲ့သို့အစွမ်းရှိသူမည်သူည်သူရှိပါသေးသနည်း။ အကယ်၍ သူသာတဖက်ခြမ်းအားစိတ်ဓာတ်ကျအောင်လုပ်နိုင်ပါက ကျန်သည့်ပွဲများကိုပင် ဆက်တိုက်စရာလိုမည်မဟုတ်ချေ။ သူ့ရှေ့ရှိကလေးအားခပ်ကြမ်းကြမ်းလှဲသိပ်မည်။ တဆက်တည်း ခေါင်းဆောင်ဖြစ်သောရှောင်ဝူကိုပါအနိုင်ယူနိုင်ပါက သူ့သိက္ခာအားအဖတ်ဆယ်နိုင်မည်ဖြစ်၏။

ခေါင်းဆောင်ရှောင်ဆိုသူကထန်စန်းအားအေးစက်စက်ဖြင့်ကြည့်သည်။ သူ့မျက်နှာပေါ်ရှိအထင်သေးသောအမူအရာများမှာမူပျောက်ကွယ်သွားပြီဖြစ်၏။ သိက္ခာပြန်ဆယ်လိုသောအကြည့်သို့ပြောင်းလဲသွားသည်။

“ရှောင်ချန်ယု ဆဋ္ဌမနှစ်ကျောင်းသား စိတ်ဝိညာဉ်က ဝံပုလွေ၊ အဆင့်၁၁တိုက်ပွဲလမ်းစဉ်ဝိညာဉ်သခင်”

သူ့စိတ်ဝိညာဉ်နှင့်ကျင့်ကြံအဆင့်အားကြေငြာလိုက်ခြင်းက ပြိုင်ဘက်အားလေးစားရာရောက်ကြောင်းပြ၏။

ထိုသို့ပြောရင်း ရှောင်ချန်ယုခန္ဓာကိုယ်၌ စိမ်းနက်ရောင်အလင်းကတောက်ပလာသည်။ စိမ်းနက်ရောင်အလင်းများကြား သူ့ကိုယ်ပေါ်ရှိကြွက်သားများကဖောင်းကြွလာ၏။ မျက်လုံးထဲ၌ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းကထင်ဟပ်နေသည်။ ခြေသည်းလက်သည်းများပိုမိုရှည်လျားကာ ချွန်ထက်လာ၏။ သူ့ခြေထောက်အောက်မှ အဖြူရောင်ဝိညာဉ်စက်ဝန်းကထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်အစွမ်းဖြင့် ခွန်အားမြှင့်တင်ခြင်းဖြစ်စဉ်ပင်ဖြစ်တော့သည်။

ကျောင်းသားခေါင်းဆောင်ဖြစ်သော ရှောင်ချန်ယုမှာ သူ၏ထက်မြက်သောစရိုက်အားဖော်ပြလာ၏။ နော်ဒင်အကယ်ဒမီရှိ မည်သူကသူ့စိတ်ဝိညာဉ်မှာ မည်သည်ဖြစ်ကြောင်းမသိဘဲနေမည်နည်း။ သို့သော်ထန်စန်းကတော့ခြားနားနေသည်။ သူ့အမြင်တွင် ထန်စန်း၏စိတ်ဝိညာဉ်မှာ ဘာမှန်းမသိသေးသောကြောင့်ဆန်းကြယ်နေ၏။ သူ့စိတ်ဝိညာဉ်ကိုဟန်ပါပါဖြင့်ထုတ်​ပြောလိုက်ခြင်းက ထန်စန်းမည်သည့်စိတ်ဝိညာဉ်ကိုသုံး၍ သူ့အားတိုက်ခိုက်လာမည်အား သိလိုသောကြောင့်ပင်၊ ဤနည်းဖြင့် အစီအစဉ်တစ်ခုခု သူချမှတ်နိုင်မည်သာ။

ဤကဲ့သို့ တိုက်ခိုက်ခံနီး မိမိခွန်အားကိုကြေငြာသည့်ဓလေ့အားဂရန်းမာစတာထံမှထန်စန်းကြားခဲ့ဖူး၏။ တခြားတစ်ဖက်ကသူနှင့်သေစေလောက်သောရန်ညှိုးရှိသည်မှာလွှဲ၍ တိုက်ခိုက်သည့်အခါတိုင်း ထိုသို့မိမိခွန်အားနှင့်စိတ်ဝိညာဉ်ကိုကြေငြာသည့်ရိုးရာရှိသည်။ လက်ရည်စမ်းရာ၌ ပြိုင်ပွဲဝင်အချင်းချင်းလေးစားသမှုပြုသောသဘောလည်းဖြစ်၏။

“ပထမနှစ်ကျောင်းသား ထန်စန်း၊ စိတ်ဝိညာဉ်ကငွေပြာမြက် အဆင့်၁၁ဝိညာဉ်သခင်”

သူ့စိတ်ဝိညာဉ်မှာ ငွေပြာမြက်ဖြစ်ကြောင်းထန်စန်းပြောလိုက်သည့်အခိုက် ရှောင်ချန်ယုနောက်ရှိအတန်းကြီးကျောင်းသားမှာ အူလိုက်သည်းလှိုက်ရယ်မောကြ၏။ သူတို့မျက်နှာပေါ်ရှိစိတ်ရှုပ်နေဟန်အမူအရာများပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြသည်။ သူ့အဆင့်အား ထန်စန်းဆက်ပြောပြသည်ကိုပင်မကြားကြတော့။

ငွေပြာမြက်မှာ အသုံးမဝင်သောစိတ်ဝိညာဉ်ဖြစ်ကြောင်းတိုက်ကြီးတစ်ခုလုံး၌သိထားကြသည်သာ၊ ထန်စန်းခွန်အားမှာ အားမနည်းပါသော်လည်း စိတ်ဝိညာဉ်ခြင်းအခြေခံကွာခြားမှုကြောင့် ခေါင်းဆောင်ရှောင်မှာ မည်ကဲ့သို့ရှုံးနိုင်မည်နည်း။

“အခုမင်းအဆင့်ကဘယ်လောက်လို့ မင်းပြောလိုက်တယ်”

သူ့နောက်လိုက်နောက်ပါများကဲ့သို့ ရှောင်ချန်ယုမှာ ပေါ့ဆသောလူတစ်ယောက်မဟုတ်။ ရယ်မောသံများ​ကြား ထန်စန်းအဆင့်အားသဲသဲကွဲကွဲမကြားလိုက်ရသဖြင့်ထပ်မေး၏။

“အဆင့်၁၁ ပထမဆုံးဝိညာဉ်ကွင်းနဲ့ဝိညာဉ်သခင်”

ထိုသို့ပြောရင်း အဖြူရောင်အလင်းကသူ့ကိုယ်မှပေါ်ထွက်လာသည်။ ဘယ်လက်ကိုမြှောက်ရာ ငွေပြာမြက်ကသူ့လက်ဖဝါးမှထွက်ပေါ်လာ၏။ သူ့ညာလက်အားဝှေ့ယမ်းလိုက်ရာ ငွေပြာမြက်ကမြေကြီးပေါ်သို့ကျဆင်းသွားသည်။ အဝါရောင်အလင်းစက်ဝန်းကသူ့ခြေထောက်အောက်မှထွက်ပေါ်လာပြီး သူ့ကိုယ်တဝိုက်၌လွင့်မြောနေသည်။

အဝါရောင်ဝိညာဉ်စက်၀န်းပေါ်လာသည့်အခါ အတန်းကြီးကျောင်းသားများမှာ သူတို့ပါးစပ်များအားဖြတ်ရိုက်သလို ခံစားလိုက်ရသည်။ ရယ်သံများကတိတ်ကျသွားတော့၏။ ထန်စန်းအား လူထန်းလူဆန်းကဲ့သို့ကြည့်နေကြသည်။

“နှစ်ရာချီဝိညာဉ်ကွင်းလား”

ရှောင်ချန်ယုမှာ အသက်ရှုပင်မှားသွားခဲ့၏။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇