အပိုင်း ၆၂

ကောင်လေး၏အဝတ်အစားမှာ ရိုးရိုးရှင်းရှင်းပင်၊ ၁၂နှစ် ၁၃နှစ်မျှသာရှိသေးပုံရ၏။ သူ့အရပ်မှာ ၁မီတာခွဲခန့်ရှည်လျား၍ သစ်လွင်သောအပြာရောင်ခပ်ဖျော့ဖျော့ဝတ်စုံအားသပ်ရပ်စွာဝတ်ဆင်ထားသည်။ သူ့ခါးပေါ်၌ ကျောက်စမ်း၂၄ခုပါသော ခါးပတ်အားဝတ်ဆင်ထားပြီး မဲနက်သောဆံပင်ရှည်များက ပုခုံးထိတိုင်တွဲလွဲကျနေသည်။ မျက်နှာသွင်ပြင်ကအရမ်းကြီးခန့်ညားချောမောသည်ဟုမဆိုနိုင်သော်လည်း တခြားလူများကငြိမ်းအေးသောခံစားချက်ကိုပေးစွမ်း၏။ထိုကောင်လေးနှုတ်ခမ်းထောင့်၌ အပြုံးတစ်စအားဆင်မြန်းထားသည်။

အကယ်၍ ထိုကောင်လေး၏ပုံစံမှာ နူးညံသိမ်မွေ့၍သာမန်ဖြစ်သည်ဟုဆိုပါက သူ့ဘေးရှိကောင်မလေး၏အသွင်အပြင်မှာ သာမန်မျှမဟုတ်။

ပိုးသားကဲ့သို့နူးညံ့သည့် ဆံနွယ်များအား ကျစ်ဆံမြီးအဖြစ် သပ်ရပ်စွာစည်းနှောင်ထား၏။
ကျစ်ဆံမြီးဟုဆိုသော်လည်း သူမခါးအောက်ထိတိုင်ရှည်လျားနေသည်။ ကောင်လေးထပ်စာလျှင်အနည်းငယ်အရပ်ရှည်မည့်ပုံရ၍ ပန်းဆီရောင်ဝတ်စုံလေးအားဝတ်ဆင်ထားသည်။ တင်းကြပ်စွာစည်းနှောင်ထားသော အဝတ်အစားများအောက်တွင် အချို့အစိတ်အပိုင်းများမှာ စတင်ဖွံ့ဖြိုးနေပြီဖြစ်ကြောင့် သင်တို့မြင်တွေ့နိုင်၏။ သူမလေး၏ရင်သားများမှာ ကောင်းစွာမဖွံဖြိုးသေးသော်လည်း သေးကျင်သောခါးလေးကမူ မရေမတွက်နိုင်သောမိန်းမများအား မနာလိုအားကျဖြစ်သွားစေမည်ပင်။

သွယ်လျရှည်လျားသော ခြေတံလေးများကပြီးပြည့်စုံသော ရွှေအချိုးအလား၊ သူမအသက်မှာသိပ်မကြီးသေးကြောင်း ကလေးဆန်သောမျက်နှာကျလေးကဖော်ပြနေသည်။ သို့သော် ကလေးဆန်မှုနှင့်မလိုက်စွာ လုံးဝန်းနေသောတင်ပါးလေးက မည်သည့်ယောကျာ်းသားကိုမဆို ရိုက်ကြည့်ချင်စိတ်ပေါ်လာစေနိုင်၏။

သဘာဝအတိုင်းကွေးညွှတ်နေသော မျက်ခုံးလေးများအောက်၌ ထက်မြက်ဟန်ရှိသောမျက်လုံးရွှဲကြီးများက လှပသောမျက်နှာလေးနှင့်တွဲလျက်ရှိနေသည်။ ထိုမျက်နှာလေးက သာမန်မျှလှပနေသည်သာမဟုတ်၊ ကြည့်လိုက်သည့်သူတိုင်း ချစ်ခင်နှစ်သက်စေသော ခံစားချက်အားပေးစွမ်း၏။ 'ချစ်ဖို့ကောင်းခြင်း' ဆိုသည့်စကားလုံးက သူမအတွက်မွေးဖွားလာသည်ဟုပင်ဆိုနိုင်သည်။ သူမဘေးတွင်ရှိသော ကောင်လေးကပင် သူမ၏အလင်းရောင်ကြောင့် မှေးမှိန်သွားပုံပေါ်သည်။

မိန်းကလေးက သူမ၏လက်ကိုမြှောက်ရင်း နဖူး၌သီးနေသောချွေးစလေးများအား သုတ်လိုက်သည်။ ညည်းညူဟန်ဖြင်...

“ဟူး....နောက်ဆုံးတော့ ဆိုတိုမြို့ကိုရောက်လာပြီ၊ဂရန်းမာစတာကဘာတွေးနေလဲမသိဘူး၊ ညီမတို့နှစ်ယောက်ကိုအပြိုင်အဆိုင်လိုချင်နေတဲ့ အလယ်တန်းအဆင့်ကျောင်းတွေအများကြီးရှိနေတာကို ဒီနေရာက ဟောင်းနွမ်းနေတဲ့အကယ်ဒမီရဲ့ဝင်ခွင့်စာမေးပွဲကိုလာဖြေခိုင်းရတယ်လို့”

ကောင်လေးကခပ်ဖွဖွပြုံး၍ ပြောသည်။

“ဆရာက ငါ့ကိုပဲ ဒီမှာစာမေးပွဲလာဖြေခိုင်းတာလေ၊ မင်းကိုလိုက်ခဲ့ဖို့ ဘယ်သူကမေးလို့လဲ၊ တော်သေးလို့ ဘဲလက်တိုင်းပြည်က ဖာဆီနိုစီရင်စုနဲ့နီးနီလေးမိုလို့တာပေါ့၊ မဟုတ်ရင် နင်ညည်းလို့ပြီးတော့မှာမဟုတ်ဘူး”

ကောင်မလေးက ထိုကောင်လေးအားဒေါသထွက်ဟန်ဖြင့်စိုက်ကြည့်သည်။

“တော်တော် တာဝန်ယူစိတ်မရှိတဲ့အစ်ကိုပဲ၊ ငါဘာလုပ်လုပ်နင့်ကိစ္စလား၊ ဘယ်သူကများနင့်ကိုငါ့အစ်ကိုဖြစ်ရမယ်လို့ပြောလို့လဲ၊ ဘာပဲဖြစ်ဖြစ် သဘက်ခါမှစာမေးပွဲကစမှာဆိုတော့ ဒီနှစ်ရက်အတွင်းညီမမြို့ထဲလျှောက်လည်ရင် အစ်ကိုအဖော်လုပ်ပေးရမယ်၊ ညီမရဲ့နူးညံပျော့ပြောင်းတဲ့နှလုံးသားလေးက အစ်ကို့ရဲ့စကားတွေကြောင့် ထိခိုက်သွားပြီ၊ အဖော်လိုက်ပြီး ကုပေး...”

ကူကယ်ရာမဲ့စွာဖြင့် ကောင်လေးက ရယ်လိုက်သည်။

“နော်ဒင်အကယ်ဒမီရဲ့ကျော်ကြားလှတဲ့ခေါင်းဆောင်အစ်မကြီးက နူးညံပြီးပျော့ပြောင်းတဲ့နှလုံးသားရှိတယ်ဆိုပါလား၊ အငယ်လေးတွေကြားရင် မြစ်ထဲခုန်ချပြီး သတ်သေသွားကြပါဦးမယ်”

ထိုကောင်လေးနှင့်ကောင်မလေးမှာ အမှန်တကယ် တခြားသူများမဟုတ် နော်ဒင်အကယ်ဒမီမှထွက်ခွာလာကြသော ရှောင်ဝူနှင့်ထန်စန်းတို့ပင်တည်း။

ငါးနှစ်ကုန်ဆုံးသွားပြီးနောက် သူတို့နှစ်ယောက်မှာ နော်ဒင်မြို့၏မူလတန်းအဆင့်အကယ်ဒမီမှ အောင်မြင်စွာဘွဲ့ရခဲ့ကြသည်။ သူတို့၏ပါရမီကြောင့် နော်ဒင်အကယ်ဒမီက အလယ်တန်းအဆင့်အကယ်ဒမီအား အလျင်အမြန်ဆက်တက်ရန် တိုက်တွန်း၏။ နာမည်ကြီးအကယ်ဒမီတော်တော်များမှလည်း သူတို့ကျောင်း၌တက်ရောက်ပါရန် ဖိတ်ခေါ်ထားကြသေးသည်သာ။

သို့သော် ဂရန်းမာစတာက ထိုကျောင်းမှဖိတ်ခေါ်စာများကိုပယ်ချကာ ဤဆိုတိုမြို့တောင်ပိုင်းရှိ ရှရက်ဟုခေါ်သော အကယ်ဒမီ၏ဝင်ခွင့်စာမေးပွဲအား သွားဖြေခိုင်း၏။

၆နှစ်ကြာမျှ ပညာသင်ကြားခဲ့ပြီးနောက် ဂရန်းမာစတာမှာ ထန်စန်းအတွက်အ​ဖေတစ်ယောက်ကဲ့သို့ပင်၊ ဂရန်းမာစတာသူ့ကိုလုပ်ခိုင်းသည့်အရာကသူ့ကောင်းကျိုးအတွက်ဖြစ်မည်မှန်း သူသေချာသိသည်။ ထို့ကြောင့်တုံ့ဆိုင်းခြင်းမရှိ ဤနေရာသို့ချက်ချင်းလာခဲ့ခြင်းဖြစ်၏။

ခြောက်နှစ်ကျော်မျှအတူတကွဖြတ်သန်းခဲ့ပြီးနောက် ထန်စန်းနှင့်ရှောင်ဝူမှာ သွေးသားရင်းချာမောင်နှမများကဲ့သို့ ရင်းနှီးနေကြပြီဖြစ်သည်။ အကယ်၍ထန်စန်းက ဤနေရာရွေးချယ်သည်ဆိုမှတော့ သူမလည်းနောက်ကလိုက်ရမည်သာ။

အကယ်ဒမီမှ မထွက်ခွာခင် ဂရန်းမာစတာက သူအနေဖြင့်အရင်ဆုံးအင်ပါယာမြို့တော်သွားရောက်၍ နောက်မှသူတို့အားလာရှာမည်ဟုဆို၏။

နော်ဒင်မြို့တွင်နေခဲ့ရသော ဤခြောက်နှစ်က ထန်စန်းအတွက် အလွန်အလုပ်များသောခြောက်နှစ်ဟုဆိုနိုင်သည်။ မနက်ပိုင်းအတန်းတက်ကာ နေ့လည်၌အလုပ်လုပ်သည်။ ညဘက်တွင် ပါကျင့်စဉ်ကျင့်ရသေးသောကြောင့်အားလပ်ချိန်ဟူ၍မရှိပေ။ အသက်၁၂နှစ်ရောက်သည့်အခါ သူ့ပုံစံက မြို့သို့တက်လာကာစနှင့်မတူပဲ လုံးလုံးပြောင်းလဲသွားပြီဖြစ်၏။ ပန်းပဲဖို၌နေ့တိုင်းအလုပ်လုပ်ရသဖြင့် သူ့ခန္ဓာကိုယ်မှာ ကျစ်လစ်ကြံခိုင်နေသည်။ သူ့အားရုတ်တရက်ကြည့်ပါက ခန့်ညားသည်ဟုထင်နိုင်စရာအကြောင်းမရှိသော်လည်း အင်္ကျီအောက်၏ကြွက်သားများ၌ ပေါက်ကွဲထွက်မည့်မီးတောင်ကဲ့သို့ စွမ်းအင်များပြည့်လျှမ်းနေသည်။

ရှောင်ဝူက နှုတ်ခမ်းစူရင်းပြောသည်။

“အဖော်လိုက်ပေးမှာလားလို့...”

ထန်စန်းက တဟားဟားဖြင့်ရယ်၍​ပြောလိုက်၏။

“ဟုတ်ပါပြီကွာ ငါ့ညီမပြောတဲ့အတိုင်းပဲ လိုက်ပေးပါ့မယ်၊ ဒါနဲ့ ဒီလောက်ခရီးသွားခဲ့ရတာ မပင်ပန်းဘူးလား၊ တည်းဖို့နေရာတစ်နေရာအရင်ရှာရအောင် ပြီးမှဆက်ပြောတာပေါ့၊ နေ့လည်တောင်ရောက်နေပြီ ဒီတော့အရင်ဆုံးစားကြမလား”

ထို့မှသာ ရှောင်ဝူတစ်ယောက်ပြန်ပြုံးတော့သည်။

“ဒီလိုမျိုးမှဟုတ်သေးတယ်”

ထန်စန်းက သူမစကားအား ငြင်းပယ်သည်မှာရှားပါးလှပေ၏။ သူတို့နှစ်ယောက် မောင်နှမဖြစ်ပြီးသည်မှစ၍ ထန်စန်းမှာကိစ္စအတော်များများ၌အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ပြုမူဆောင်ရွက်လာသည်။ သူ့အနေဖြင့်အမြဲမပြတ်အလုပ်ရှုပ်နေသော်လည်း တခါတရံသူမအားထိုသို့ဂရုစိုက်ပေးခြင်းက ရှောင်ဝူ့အားကျေနပ်စေသည်ပင်။ 

ဆိုတိုမြို့မှာ နော်ဒင်မြို့ထပ်ပိုကြီးမားသဖြင့် ပို၍လည်းသက်ဝင်လှုပ်ရှားလှသည်။ လမ်းမများပေါ်၌ စစ်သည်များမှာကင်းလှည့်နေကြပြီး လူများကလည်းပျားပန်းခတ်မျှ ဥဒဟိုသွားလာနေကြ၏။

စားစရာအချို့ဝယ်စားပြီးနောက် သူတို့နှစ်ယောက်မှာ တည်းဖို့နေရာအားလိုက်ရှာကြသည်။ အတော်လေး တမူထူးသည့်တည်းခိုခန်းတစ်ခုအားရှောင်ဝူကရှာတွေ့သွား၏။

တည်းခိုခန်းမှာ အထပ်သုံးထပ်ဖြင့်ပင်၊ အရွယ်အစားအရသိပ်ကြီးသည်ဟုသတ်မှတ်၍မရ၊ အဆောက်အဦးတစ်ခုလုံးအား နီရဲသောနှင်းဆီကဲ့သို့ချယ်သထားသည်။ ဆောက်ယူထားသည့်ဒီဇိုင်းက လူအများအား ထပ်ခါထပ်ခါမကြည့်ပဲမနေနိုင်အောင်ဖြစ်စေ၏။

“နှင်းဆီတည်းခိုခန်းဆိုပါလား၊အစ်ကိုကြီးရှောင်စန်း ညီမတို့ဒီမှာနေရအောင်”

ရှောင်ဝူကလက်ညိုးထိုးပြသည်။.

ထန်စန်းကခေါင်းညိတ်ပြ၏။

“လက်ညိုးထိုးပြစရာတောင်မလိုပါဘူး မျက်စိရှေ့တည့်တည့်တင်ကို”

ထန်စန်းမှာ နှစ်အတော်ကြာမျှအလုပ်လုပ်ပြီးနောက် ငွေအတော်စုမိလာခဲ့သည်။ ထို့အပြင်ဝိညာဉ်ခန်းမမှရသောလစဉ်ထောက်ပံ့ကြေးလည်းရှိသေး၏။ရှောင်ဝူမှာ ငွေကိုလက်လွတ်စပယ်သုံးတတ်သည်ကို သူမကိုယ်တိုင်လည်းသိသဖြင့် သူမရသည့်ငွေများအား ထန်စန်းအားအပ်နှံ့ထားသည်။ ထန်စန်း၏ငွေကိုကိုင်တွယ်စီမံတတ်မှုကြောင့် သူမကိုယ်တိုင်လည်း အနည်းငယ်မျှစုမိဆောင်းမိခဲ့၏။

နှင်းဆီတည်းခိုခန်းဟုဆိုသည့်အတိုင်း အထဲသို့လျှောက်ဝင်စွာသည်နှင့် နှင်းဆီရနံ့ကသင်းပျံလာသည်။ နှလုံးသားထဲသို့တိုင် စိမ့်ဝင်သွားသယောင် နွေးထွေးသောခံစားချက်အားပေးစွမ်း၏။ လူတို့၏နှလုံးသားမှပူပင်ကြောင့်ကြမှုများအား အဝေးသို့လွင့်ပါးစေသည်။

တည်ခိုခန်း၏အတွင်းပိုင်းအပြင်အဆင်၌ အရောင်သုံးမျိုးကိုသာအဓိကထားသည်ကိုတွေ့ရသည်။ အဖြူ၊ငွေရောင်နှင့်နှင်းဆီနီရောင်တို့ပင်၊ ထိုအရောင်သုံးမျိုးအားသင့်တင့်လျောက်ပတ်စွာနေရာချထားသောကြောင့် နွေးထွေးပြီး တမူထူးခြားသည့်ပုံပေါ်စေ၏။ လူအများအားကြည့်လိုက်သည်နှင့်ကောင်းမွန်သောခံစားချက်ကိုပေးစွမ်းနိုင်သည်။

ထန်စန်းက ကောင်တာသို့သွားလိုက်သည်။

“အခန်းနှစ်ခန်းလောက်ရမလား”

ကောင်တာနောက်မှစာရေးက အလျင်အမြန်ပင်ထရပ်၏။ ထန်စန်းကိုတစ်ချက်ကြည့်ကာ ဘေးရှိရှောင်ဝူအားကြည့်သည်။ သူမျက်လုံးထဲ၌ မနာလိုသည့်ဟန်ကဖြတ်ပြေးသွား၏။

“ဆရာတို့က အခန်းနှစ်ခန်းရမှဖြစ်မှာလားဗျ”

ထန်စန်းက ခေါင်းညိတ်ပြသည်။

“အဆင်မပြေလို့လား”

စာရေးကမသေချာဟန်ဖြင့် ..

“တောင်းပန်ပါတယ်ဗျ အခန်းကတစ်ခန်းပဲကျန်ပါတော့တယ်”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇