အခန်း ၁၃ အဖေ့ဆီမှစာ အပိုင်း ၅၇
သူသုံးနေသောတူထုနည်းစနစ်ကက မည်ကဲ့သို့စနစ်မဲ့လေပွေပန်းပဲပညာဖြစ်နေရသနည်း၊ ထန်စန်းစိတ်ထဲ၌ အမြဲတမ်းပျင်းရိလေးတွဲနေဟန်ရသည့် သူ့အဖေ၏ပုံရိပ်ကပြန်ပေါ်လာသည်။ သူ့အဖေမှာ မူလကထင်ရှားသောပန်းပဲသမားတစ်ဦးဖြစ်နေသည်များလား။
“ဦးလေးစန်း ဦးလေပြောတဲ့ စနစ်မဲ့လေပွေပန်းပဲပညာကိုတော့ ကျတော်မသိဘူး၊ ဒီတူထုနည်းစနစ်ကကျတော့်အဖေသင်ပေးထားခဲ့တာ
ရှီစန်းက အသက်တစ်ချက်မှုတ်ထုတ်လိုက်၏။ သူက ထန်စန်းအား လှိုက်လဲပျူငှာသောအပြုံးဖြင့်ကြည့်ကာ...
“ကြည့်ရတာတာ ဒီတစ်ကြိမ် ငါတို့ရွှေထုပ်ပိုက်မိတဲ့ပုံပဲဟေ့၊ ကဲငါတို့ပထမသဘောတူထားတဲ့လုပ်ခကိုဖျက်သိမ်းလိုက်ပြီ၊ မင်းအလုပ်စဝင်တာနဲ့ကျန်တဲ့ပန်းပဲသမားတွေလိုမျိုး တစ်လကိုငွေပြားတစ်ပြားရမယ်၊ စီးပွားရေးပိုကောင်းရင် မင်းလဲရာခိုင်နှုန်းနဲ့ပိုရမယ် ဘယ်လိုလဲ”
ဤသို့ဖြင့် ထန်စန်းတစ်ယောက် ဦးလေးကြီးရှီစန်း၏ပန်းပဲသမားအဖွဲ့ဝင်ဖြစ်လာတော့၏။
အကယ်ဒမီမှာ သင်ပေးသောအရာများမှာသူ့အတွက်မလိုပေ။ ဂရန်းမာစတာက အကယ်ဒမီကသင်ပြသည်ထပ် ပို၍အသုံးဝင်သောလမ်းညွှန်ချက်များကိုပို့ချပေးနိုင်သည်မဟုတ်ပါလား။
သူကဂရန်းမာစတာ သူ့ကိုပေးခဲ့သောစာအုပ်အားလည်း သေချာဖတ်ကြည့်သည်။ သူထင်ထားသည့့်အတိုင်း ထိုစာအုပ်တွင် ဂရန်းမာစတာထည့့်ပေးထားသော ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်းနည်းလမ်းများမှာ ကိုယ်တွင်းစွမ်းအင်ကျင့်စဉ်များနှင့်တူညီနေ၏။ ဟုတ်ပေသည်။ ထိုနည်းစနစ်များက ဂရန်းမာစတာ၏သီအိုရီအရ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သဖြင့် အစစ်အမှန်ကိုယ်တွင်းစွမ်းအင်ကျင့်စဉ်နည်းလမ်းများနှင့်မည်သို့ယှဉ်နိုင်မည်နည်း။ ထန်စန်း၏အစွမ်းထက်ဆုံးဖြစ်သည့် ဆန်းကြယ်ကောင်ကင်ပညာရပ်ကိုကား ထည့်ပြောစရာပင်မလို။
ရှောင်ဝူကချောချောမွေ့မွေ့ဖြင့်ပင် ဝိညာဉ်သခင်ခေါင်းစဉ်အားရလာခဲ့၏။ ဤသို့ဖြင့် ရှောင်ဝူမှာ တစ်ကျောင်းလုံး၏အစ်မကြီးဖြစ်လာပြီး အလုပ်သင်ကျောင်းသားများမှာလည်း အရင်ကကဲ့သို့ခက်ခဲကြမ်းတမ်းအချိန်များနှင့်ရင်ဆိုင်ရခြင်းမရှိတော့ချေ။
ထန်စန်းမှာ အာရုဏ်ဦးတိုင်း အရှေ့အရပ်မှနေရောင်ခြည်ဖြင့် ခရမ်းမိစ္ဆာမျက်လုံးအားကျင့်သည်။ ထို့နောက်ပုံမှန်အတန်းများအားတက်၏။ နေ့လည်သို့ရောက်သည့် ပန်းပဲဖိုသို့သွားပြီး ညနေခင်း၌ဂရန်းမာစတာ၏သင်ပြပေးမှုကိုနားထောင်သည်။ ညရောက်သည့်အခါ ဆန်းကြယ်ကောင်းကင်ပညာရပ်အားကျင့်ကြံ၏။ ဤသို့ဖြင့် ထန်စန်း၏တစ်နေ့တာအချိန်ဇယားမှာ အပြည့်ဖြစ်နေတော့သည်။
ရှီစန်း၏ပန်းပဲဖို၌ ထန်စန်းမှာဖိုအတွင်းရှိလူတိုင်း သူ့အားသဘောကျလာစေရန် အချိန်ခဏသာယူလိုက်ရ၏။ ရှီစန်းက သန့်စင်ရန်ဟုဆိုကာ သတ္ထုရိုင်းအချို့အားပေးသည်။ အလုပ်ချိန်ပြီးနောက် အားလပ်ချိန်တွင် ထန်စန်းမှာ တွေ့ရာသတ္ထုအပိုင်းအစများအား သန့်စင်၏။ သူ့လက်နက်ပုန်းများဖန်တီးရန် လိုအပ်သောကြောင့်ပင်။ဟုတ်ပေသည်။ သူကပန်းပဲဖို၌အစိတ်အပိုင်းအချို့အားဖန်တီးခြင်းသာ၊ အစစ်အမှန်လက်နက်ပုန်းကိုမူ အကယ်ဒမီပြန်ရောက်မှသာ ဖို၌သူဖန်တီးထားသော အစိတ်အပိုင်းများဖြင့်တပ်ဆင်သည်။
ရှောင်ဝူမှာသူမ၏ခွန်အားဖြင့်သာမက ရှောင်ချန်ယု၏ထောက်ပံ့ပေးမှုကြောင့် တစ်ကျောင်းလုံး၏ ကျောင်းသားများအကြား ခေါင်းဆောင်အလျင်အမြန်ဖြစ်လာတော့၏။ ထန်စန်းနှင့်ယှဉ်ပါက သူမလေးမှာ ဘဝအားသက်တောင့်သက်သာဖြတ်သန်းနေ၏။ တခါတရံအတန်းများကိုလဲ လစ်သေးသည်။ သူမဘယ်လိုကျင့်ကြံမှန်း ထန်စန်းမသိသော်လည်း ရှောင်ဝူ၏ခွန်အားကဒီရေကဲ့သို့ အဆက်မပြတ်တိုးတက်နေသည်ကို သူသတိပြုမိသည်။
နော်ဒင်မူလတန်းကျောင်း၏စာသင်နှစ်တစ်နှစ်မှာပြီးဆုံးသွားလေပြီ။ ကျောင်းတက်နေချိန်ကာလတစ်လျှောက် ကျောင်းသားများမှာအိမ်သို့ပြန်ခွင့်မရချေ။ သို့သော် မိသားစုဝင်များကလာရောက်တွေ့ဆုံနိုင်၏။ ထန်စန်းကသူ့အဖေကိုမျှော်နေခဲ့သော်လည်း စာသင်နှစ်တစ်နှစ်သာပြီးသွားသည်။ ထန်ဟောက်၏အရိပ်အယောင်အားမတွေ့ရ။ ကံကောင်းစွာဖြင့် သူ့အချိန်ဇယားမှာအပြည့်ဖြစ်နေသောကြောင့် ထန်ဟောက်ကိုမျှော်ရင်းအချိန်အများကြီးမဖြုန်းလိုက်မိပါချေ။
ဝိညာခန်းမအကြောင်းရမည်ဆိုပါက ထန်စန်း၏စစ်ဆေးမှုရလဒ်အား အဖိုးမာကအထက်သို့တင်ပြပြီးနောက် သိပ်မကြာခင်မှာပင် ဝိညာဉ်ခန်းမမှလူများ နော်ဒင်အကယ်ဒမီသို့ရောက်လာကြသည်။ ဂရန်းမစတာနှင့်တွေ့ပြီး ကိစ္စတချို့ဆွေးနွေးသွားကြ၏။ ဘာကိစ္စမှန်း ထန်စန်းမသိသလို မေးလဲမမေးပေ။ သို့သော် ထိုအဖြစ်အပျက်ပြီးနောက် ဂရန်းမာစတာမှာပို၍ရွှင်လန်းလာပုံရသည်။ ဂရန်းမာစတာနှင့်ဝိညာဉ်ခန်းမတို့အကြား ဆက်ဆံရေးမှာပြန်အဆင်ပြေလာပုံရသည်ဟု ထန်စန်းခန့်မှန်းမိလိုက်၏။
“ရှောင်ဝူ မနက်ဖြန်ကျောင်းပိတ်ရက်ကျ နင်အိမ်ပြန်မှာလား”
ထန်စန်းက သူ့အဝတ်အစားများကို ထုပ်ပိုးရင်း ရှောင်ဝူအားလှမ်းမေး၏။
တစ်နှစ်ကုန်၍ကျောင်းပိတ်ပြီဖြစ်သဖြင့် နောက်ဆုံးတွင်သူ့အဖေအားပြန်တွေ့နိုင်တော့မည်ဖြစ်သည်။ ဒီနေ့ နေ့လည်ကတည်းက ဦးလေးစန်းအား သူ့အလုပ်မလာနိုင်သည့်အကြောင်း ခွင့်တိုင်ထားပြီးဖြစ်၏။ သူ့အဖေအားလက်ဆောင်ပေးရန် ပန်းပဲတူအသစ်တစ်ချောင်းလဲ ဝယ်လာခဲ့သေးသည်သာ။
ဦလေးစန်း၏ပန်းပဲဖိုသို့ ထန်စန်းရောက်ပြီးကတည်းက သူတို့ဖိုမှထုတ်လုပ်သော လက်နက်ပစ္စည်းအမျိုးမျိုး၏အရည်အသွေးမှာ တဆင့်တက်သွားခဲ့သည်။ စီးပွားရေးကပိုကောင်လာသည်။ ထိုသို့ဖြင့် ထန်စန်း၏လစာမှာ ငွေပြား၅ပြားပင်ဖြစ်သွားတော့၏။ ထိုသည်က ဝိညာဉ်သခင်ထောက်ပံ့ကြေး၏တစ်ဝက်လောက်ပင်ရှိပေသည်။
ရှောင်ဝူက ကုတင်ပေါ်တွင်လှဲအိပ်နေသည်။ သူမ၏နဂိုတက်ကြွနေသောမျက်လုံးများက အထီးကျန်ဟန်သို့ပြောင်းလဲသွား၏။
“ငါအိမ်ကိုမပြန်ဘူး အကယ်ဒမီမှာပဲနေမှာ”
ထန်စန်း ခနမျှကြောင်အသွားသည်။
“တစ်နှစ်လုံးအိမ်ကထွက်လာတာကို နင့်မိသားစုနဲ့ပြန်မတွေ့ချင်ဘူးလား”
ရှောင်ဝူ့ မျက်လုံးများကရုတ်တရက်တောက်ပသွားပြီး....
“ရှောင်စန်း နင့်အိမ်ကအကယ်ဒမီကနေဆိုမဝေးဘူးမလား၊ မဝေးဘူးဆို ငါလဲလိုက်ခဲ့မယ်လေ၊ ငါနဲ့အတူကစားပေး၊ ဝမ်ရှန်းနဲ့ရှောင်ချန်ယု ဟိုနှစ်ကောင်ကတော့အလယ်တန်းအဆင့် ဝိညာဉ်အကယ်ဒမီဝင်ခွင့်သွားဖြေကြမလို့တဲ့၊ ဒီမှာငါနဲ့အဖော်လုပ်ပေးမဲ့သူ တစ်ယောက်မှမရှိဘူး”
ထန်စန်းကပြုံး၏။ တစ်နှစ်သာအတူဖြတ်သန်းပြီးနောက် သူ့အနေဖြင့် ရှောင်ဝူအကြောင်းအားအတော်လေးနားလာသည်ဟုဆိုနိုင်သည်။ ဤကောင်မလေးက အမြဲတမ်းတက်ကြွနေတတ်ပြီး ကမ္ဘာကြီးပရမ်းပတာဖြစ်လေ ပျော်ရွှင်လေဖြစ်သောကောင်မလေးမျိုးပင်၊ သို့သော်သူမက နူးညံသိမ်မွေ့နေသည့်အခါ၌ ချစ်စရာကောင်းသောအရုပ်လေးအလားဖြစ်နေ၏။ သို့သော် ထိုပုံစံကခနသာခံသည်။ သိပ်မကြာခင်မှာပင် ကိုက်တတ်သောကျားသစ်မလေးပုံစံသို့ပြန်ပြောင်းသွားသည်ပင်၊ နော်ဒင်အကယ်ဒမီ၌ ဤအစ်မလေးရှောင်ဝူအား ဒေါသအိုးအစ်မလေးဟုဘွဲ့အမည်ပေးထားကြ၏။ အကယ်ဒမီတစ်ခုလုံး၌ မည်သည့်ကျောင်းသားမဆို ရှောင်ဝူ၏ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမှုကိုခံဖူးကြသည်သာ။
“ငါ့မိသားစုကဆင်းရဲတယ်နော်၊ နင့်ကိုကောင်းကောင်းမွန်မွန်ဧည်ခံနိုင်မှာတော့မဟုတ်ဘူး”
ရှောင်ဝူကခါးထောက်ရင်း ထန်စန်းအား သူမ၏မျက်လုံးကြီးများဖြင့်စိုက်ကြည့်သည်။
“နင်လတိုင်းရတဲ့ထောက်ပံ့ကြေးတွေကိုစုထားတာ အများကြီးရှိနေပြီပဲ၊ နင့်အိမ်လာလည်ရင် ငါကိုဒီလောက်လေးတောင်တင်မကြွေးထားနိုင်ဘူးလား”
ထန်စန်းကခပ်ဖွဖွပြုံးလိုက်သည်။ သူကညာလက်အားဖြန့်ကာ..
“ထောက်ပံ့ကြေးဆိုမှ ငါသတိရသွားပြီ၊ ဘယ်သူကများ ငါ့ဆီမှာငွေ၆ပြားအကြွေးတင်နေတာပါ့လိမ့်”
ရှောင်ဝူလေးမှာရုတ်တရက်ရှက်သွား၏။ သူမ၏ငယ်နုသောမျက်နှာလေးမှာ ပန်းဆီရောင်ပြေးနေသည်။ အမှန်ဆိုလျှင် ထောက်ပံ့ကြေးရသောရွှေ၁ပြားမှာ နည်းလှသည့်ပမာဏမဟုတ်၊ ရှောင်ဝူ၏ပစ္စည်းတစ်ခုအား လှသည်နှင့်လိုသည်မလိုသည် မစဉ်းစားဉ်းစားပဲဝယ်ကာဖြုန်းတတ်သောအကျင့်ကြောင့် ရွှေ၁ပြားလည်းသူမအတွက်မလောက်ငှပေ။ ယခုဆိုလျှင် သူမမှာ ကိုယ်ပိုင်အိပ်ယာခင်းဝယ်ပြီးဖြစ်သဖြင့် ထန်စန်းဖြင့်ပင်အတူမအိပ်တော့။ သူမတွင်ရှိသည့် ပိုက်ဆံမှာ တခါတလရံမလောက်ငှသဖြင့် ထန်စန်းစီမှချေးခြင်းကလည်း အကျင့်တစ်ခုလိုဖြစ်နေသည်။
“ငွေ၆ပြားမဟုတ်ပါဘူး၊ ၅ပြားကျော်လောက်ပဲရှိတာကို၊ ငါထောက်ပံ့ကြေးရတဲနေ့ကျရင် နင့်ကိုပြန်ဆပ်မယ်၊ ဒါနဲ့ နင်ငါမေးတာကိုမဖြေရသေးဘူး၊ နင်နဲ့အတူငါ့ကိုခေါ်သွားမှာလား”
ထန်စန်းကခပ်ဖွဖွပြုံးရင်းပြောသည်။
“နင်လိုက်ချင်တယ်ဆိုမှတော့ လိုက်ခဲ့လေ၊ တစ်ခုပဲ ငါ့အဖေကနင့်ကိုတွေ့ရင်တော့ရိုက်ထုတ်မှာစိုးရတယ်”
ထန်စန်း၏ ခြောက်လှန့်သည့်စကားအား ရှောင်ဝူကမယုံကြည်ဟန်ဖြင့်...
“ငါလိုချစ်ဖို့ကောင်းတဲ့ ကောင်မလေးကိုမြင်ရင် နင့်အဖေကရိုက်ထုတ်မှာမဟုတ်ပါဘူးဟ”
တချိန်တည်းမှာပင် ရှောင်ဝူက သူမမျက်တောင်လေးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထန်စန်းအား သူမဘယ်လောက်ချစ်ဖို့ကောင်းကြောင်း ဟန်ရေးပြနေသည်။
သူမ၏အသွင်ကြောင့် တခြားသူများမှာအရူးလုပ်ခံလိုက်ရမည်ဖြစ်သော်လည်း ထန်စန်းမှာတခြားသူမဟုတ်၊ သူမ၏ကြမ်းတမ်းသောစရိုက်ဘက်ခြမ်းအားမြင်ဖူးပြီးဖြစ်၏။ ကူကယ်ရာမဲ့စွာဖြင့်သူခေါင်းကိုယမ်းလိုက်မိသည်။
“နင့်ရဲ့စကားလုံးချိုချိုလေးတွေနဲ့ ငါ့ကိုထောက်ချောက်လာဆင်မနေနဲ့၊ ကံကောင်းလို့ နင်က၇နှစ်ပဲရှိသေးတယ်၊ နည်းနည်းသာ အသက်ပိုကြီးရင်မြေခွေးမိစ္ဆာမလေးတွေလိုမျိုးစွမ်းရည်နဲ့ ငါတောင်ရုန်းထွက်နိုင်မှာမဟုတ်ဘူး”