အပိုင်း ၅၄

ထန်စန်းကတုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်၏။

“နတ်ဆိုးအိမ်မက်မြွေပါ အဖိုး”

အဖိုးမာ မှာအတော်တုန်လှုပ်သွားသည်။

“အံသြစရာမရှိဘူး..အံသြစရာမရှိဘူးပဲ..အဆင့်နိမ့်ဝိညာဉ်သားရဲတွေထဲမှာတောင် ပြဿနာအပေးနိုင်ဆုံး နတ်ဆိုးအိမ်မက်မြွေကိုး၊ နှစ်ရာချီသက်တမ်းရှိတဲ့ နတ်ဆိုးအိမ်မက်မြွေမို့လို ဒီလိုအကျိုးသက်ရောက်မှုမျိုးရစေတာပဲ၊ မဟုတ်သေးဘူး မြေးရဲ့စိတ်ဝိညာဉ်ကအပင်အမျိုးအစားမဟုတ်လား၊ သားရဲအမျိုးအစားဝိညာဉ်ကွင်းကိုဘယ်လိုလုပ်စုပ်ယူလို့ရမှာလဲ၊ ​မလိမ်သင့်ဘူးနော် ​ကလေး”

ထန်စန်းနှင့်ရင်ဆိုင်ခဲ့ရသော ခေါင်းဆောင်ရှောင်ဆိုသူမှာ ကလေးတစ်ယောက်သာဖြစ်သည့်အတွက် စိတ်ဝိညာဉ်များအကြောင်းအများအပြားနားမလည်ပေ။ သို့သော်ဤအဖိုးအိုမှာမူ ဝိညာဉ်ခန်းမ၌ ၁၀နှစ်ခန့်လုပ်ခဲ့သည့်အတွက်ဝိညာဉ်စုပ်ကွင်းစုပ်ယူသည့်စည်းမျဉ်းများအကြောင်းရှင်းလင်းစွာနားလည်၏။ ထိုကြောင့်ထန်စန်းပြောသောအချက်၌လွဲနေသည့့်အရာအား ချက်ချင်းသိလိုက်သည်။

ထန်စန်းက သူလိမ်နေခြင်းမဟုတ်ကြောင်း ခေါင်းကိုယမ်းသည်။ သူကပြောလိုက်၏။

“ဖိိုဖိုးမာ ကျတော်လိမ်နေတာမဟုတ်ဘူဗျ၊ ဘာလို့အပင်အမျိုးအစားစိတ်ဝိညာဉ်ကသားရဲအမျိုးအစားဝိညာဉ်ကွင်းကိုမစုပ်ယူနိုင်ရမှာလဲ၊ သေချာတဲ့အခြေအနေမှာဆို အဲ့နှစ်ခုကပေါင်းစည်းနိုင်တယ်၊ ကျတော့်ဆရာကတော့ အဲ့တာကိုဆင်တူရိုးမှားဝိညာဉ်သီအိုရီလို့ပြောတယ်”

အဖိုးအို၏အမူအရာကရုတ်တရက်ကြီးမားစွာပြောင်းလဲသွားသည်။

“​ကလေး မင်းဆရာကဘယ်သူလဲဆိုတာ အဖိုး​မေးလို့ရမလား”

ထန်စန်းက..

“လူတိုင်းကတော့ သူ့ကိုဂရန်းမာစတာလို့ပဲခေါ်ကြတယ်”

“ဂရန်းမာစတာ..မဟာဝိညာဉ်အမြုတေသီအိုရီဆယ်ခုကိုထုတ်ပြခဲ့တဲ့ ဟိုဂရန်းမာစတာလား၊ ဝိညာဉ်ခန်းမကနေအထုတ်ခံလိုက်ရပြီးနောက်မှာ မမျှော်လင့်ထားပဲ သူကနော်ဒင်မြို့ကိုရောက်နေတာကိုး”

အဖိုးအို၏စကားကြောင့် ထန်စန်း ယခုမှပင်ဂရန်းမာစတာမှာဝိညာဉ်ခန်းမမှလာသူဖြစ်ကြောင်းသိလိုက်ရ၏။ သူမည်သို့ဆက်ပြောရမည်မှန်းမသိတော့။

အဖိုးမာက လေးလေးနက်နက်အမူအရာဖြင့်ထန်စန်းအားမေးသည်။

“ထန်စန်း ​မင်း အဖိုးတို့ရဲ့ဝိညာဉ်ခန်းမနဲ့ပူးပေါင်းချင်လား”

ထန်စန်းတခနလောက် မှင်တက်မိသွားသည်။

“ဖိုဖိုးမာ ကျတော်အခုဝိညာဉ်ခန်းမမှာ မှတ်ပုံလာတင်နေတာပဲမဟုတ်လား”

အဖိုးမာကသူ့ခေါင်းကိုယမ်းရင်း...

“မဟုတ်ဘူး အဲ့နှစ်ခုကကွာတယ်၊ ဝိညာဉ်ခန်းမမှာမှတ်ပုံတင်တယ်ဆိုတာ ဝိညာဉ်သခင်အများစုလုပ်ကြတဲ့ဟာပဲ၊ နိုင်ငံတော်ကနေထောက်ပံကြေးရအောင်လို့ပေါ့၊ ဒါပေမဲ့ဝိညာဉ်ခန်းမနဲ့ပူးပေါင်းတယ်ဆိုတာက ဝိညာဉ်ခန်းမရဲ့အထူးဝိညာဉ်သခင်ဖြစ်လာရမယ်လို့ဆိုလိုတာပဲ၊ ဝိညာဉ်သခင်အဆင့်ကျင့်ကြံမှုရှိရင်ကိုပဲ ဝိညာဉ်ခန်းမနဲ့တိုက်ရိုက်ပူးပေါင်းလို့ရတယ်”

ထန်စန်းကလက်မခံလိုဟန်ဖြင့် သူခေါင်းကိုယမ်းကာပြောသည်။

“ဒါကမဖြစ်နိုင်ဘူး အဖိုး ကျတော်ကနော်ဒင်အကယ်ဒမီကိုဝင်ခဲ့ပြီးပြီလေ”

အဖိုးမာကသက်ပြင်းချရင်းပြောသည်။

“ကံမကောင်းလို့ ခြေတစ်လှမ်းနောက်ကျသွားတာပဲ၊ အဖိုးတို့ဝိညာဉ်ခန်းမကလည်းအကျိုးသင့်အကြောင်းသင့်ရှိရမှာပေါ့၊ အကယ်ဒမီကလူကိုအတင်းဆွဲခေါ်လို့ရဘူးလေ၊ အဲ့ကိစ္စကိုမေ့လိုက်တော့၊ ဟိုကောင်လေးစုယွင်တောက်ကိုပဲအပြစ်တင်ရမှာ၊ အမှန်ဆို သူကမြေးကိုအရင်ဆုံးဝိညာဉ်ခန်းမကိုခေါ်လာသင့်တာကို၊ ကံကောင်းရင် ဂရန်းမစတာကလည်း မင်းကိုဝိညာဉ်ခန်းမနဲ့ပူးပေါင်းတာကိုခွင့်ပြုမှာပါ၊ ဒါပေမဲ့..ဟူး ထားလိုက်ပါတော့လေ…”

ထန်စန်းကခပ်ဖွဖွပြုံးသည်။ သူက..

“အဲ့လိုမျိုးမပြောပါနဲ့အဖိုး တကယ်လို့ကျတော်သာအစကတည်းက ဝိညာဉ်ခန်းမကိုရောက်လာခဲ့ဒီလိုမျိုးကောင်းတဲ့ဝိညာဉ်စက်ကွင်းကိုရလာလိမ့်မယ်လို့ အဖိုးထင်လား”

အဖိုးမာမှာ ခေတ္တမျှကြောင်အမ်းသွား၏။ သူကပြုံးရင်း​ပြန်ဖြေသည်။

“မြေးပြောတာလဲအမှန်ပဲ၊ ကဲပါလေမြေးရဲ့အဆင့်တက်တာမှန်ကန်ကြောင်းကိုလဲ စစ်ဆေးပြီးပြီဆိုတော့၊ အခုအချိန်ကစပြီးတော့ မြေးက တုန်းကောင်းကင်အင်ပါယာရဲ့ဂုဏ်ယူရတဲ့ဝိညာဉ်သခင်တစ်ယောက်ဖြစ်သွားပြီ၊ ရော့ဒီမှာတံဆိပ် ဒီတံဆိပ်ကိုသုံးပြီးတော့ လတိုင်းဝိညာဉ်ခန်းမမှာ ထောက်ပံ့ကြေးအနေနဲ့ရွှေပြားတစ်ပြားလာထုတ်နိုင်တယ်၊ ဝိညာဉ်ဂရန်းမာစတာအဆင့်ကိုရောက်သွားရင်ထောက်ပံ့ကြေးကရွှေဆယ်ပြားဖြစ်သွားမယ်၊ အပင်မျိုးစိတ်စိတ်ဝိညာဉ်မှာ သားရဲဝိညာဉ်ကွင်းထည့်သုံးနိုင်တဲ့အကြောင်းကိုတော့ အဖိုးပဲအထက်ကိုအကြောင်းကြားလိုက်မယ်”

“ကျေးဇူးပါ အဖိုး”

ထန်စန်းဝိညာဉ်ခန်းမမှထွက်လာခဲ့သည်။ ဝိညာဉ်ခန်းမ၏အထူးသွန်းလုပ်ထားသောတံဆိပ်က သူ့ခါးကြားရှိ လရောင်ဆမ်းတံတား ၂၄စင်းထဲ၌ထည့်ထား၏။ တံဆိပ်ပြားမှာ ခပ်ဝိုင်းဝိုင်းပင်၊ နောက်ဖက်၌သူ့နာမည်အားရေးထိုးထားပြီး အရှေ့ဘက်၌ ကြက်ခြေခတ်သင်္ကေတတစ်ခုဖြင့် ဝိညာဉ်သခင်အဆင့့်ဖြစ်ကြောင်းဖော်ပြထားသည်။ ပန်းပဲမျိုးရိုးမှလာသောထန်စန်းသည်တောင်မှ တံဆိပ်ပြားအားမည်သည့်သတ္ထုဖြင့်သွန်းလုပ်ထားခြင်းမှန်းမသိပေ။

ဝိညာဉ်ခန်းမမှထွက်လာပြီးနောက် ထန်စန်းမှာနော်ဒင်အကယ်ဒမီသို့အလျင်အမြန်ပြန်ပြေးလာသည်။ အဖိုးမာ၏လမ်းညွှန်မှုကြောင့် ဖြတ်လမ်းမှပြန်လာနိုင်ခဲ့သည်။ အချိန်တစ်ဝက်ခန့်သက်သာသွား၏။

ကျောင်းသို့ပြန်ရောက်ခါနီး ရုတ်တရက်တစ်နေရာမှ ထန်စန်းရင်းနှီးပြီးသားအသံအားကြားလိုက်ရသဖြင့် ရပ်တန့်လိုက်သည်။

ထင်း..ထန်း...ထင်း...ထန်း...ထင်း...ထန်း.....

ကြီးမားသော်လည်း ခပ်ကြမ်းကြမ်းဆောက်ထားသည့်အဆောက်အဦးကြီးပေါ်၌ တူသင်္ကေတတစ်ခုရှိ၏။ ပန်းပဲထုသံကစည်းချက်ကျစွာဖြင့် အဆောက်အဦးအတွင်းမှထွက်ပေါ်လာသည်။

အပြင်ဘက်မှလှမ်းကြည့်ရာဝယ် ထိုပန်းပဲရုံမှာ ထန်စန်းတို့အိမ်ထက်ပင်ကြီးသေးသည်။ ဖောက်သည်များမှာဝင်လိုက်ထွက်လိုက်ဖြင့် ပျားပန်းခတ်နေ၏။

ပန်းပဲရုံဆိုကာမှ ထန်စန်းမှာသူ့အဖေပြောခဲ့သည်အားသတိရလာသည်။ သူ့အဖေထန်ဟောက် သူ့အားပိုက်ဆံရရန် ပန်းပဲရုံ၌ဝင်လုပ်ပါဟုမှာခဲ့သည်မဟုတ်ပါလော။

သို့သော် ယခုအလုပ်သင်ကျောင်းသားတို့၏လုပ်ငန်းဆောင်တာများကို လုပ်ရမည်ဖြစ်သောကြောင့် သူ့တွင်ဒီနေရာကိုလာဖို့ရန် မည်သို့များအချိန်ရှိပါမည်နည်း။

ပန်းပဲဖို၌ငယ်စဉ်ကပင်ကြီးပြင်းခဲ့ရသောကြောင့် ထန်စန်းမှာပန်းပဲအလုပ်အား သံယောဇဉ်အချို့ရှိသည်ဟုဆိုနိုင်သည်။ ပန်းပဲသံလာရာသို့အမျှင်မပြတ်ကြည့်နေရင်း အကယ်ဒမီသို့ပြေးသွားလိုက်၏။

ဂရန်းမာစတာအလျင်အမြန်သက်သာလာစေရန် ထန်စန်းမှာ ဂရန်းမာစတာပေးခဲ့သောပိုက်ဆံများနှင့်စားသောက်ခန်းမှ စားစရာအချို့ကိုဝယ်၍ ဂရန်းမာစတာနှင့်အတူစားပေးခဲ့သည်။ ဂရန်းမာစတာက သူလမ်းလျှောက်နိုင်ပြီဖြစ်သဖြင့် သူ့အားလာပြုစုစရာမလိုကြောင်း​၊ ဒီရက်ပိုင်းတွင်းအတန်းများကို ဦးစားပေးကာတက်သင့်ကြောင်းပြော၏။ အထူးသဖြင့်ဂရန်းမာစတာကသူ့ကိုပေးထားသောစာအုပ်အား ထန်စန်းဖတ်ကြည့်ရမည်ဟုအိမ်စာပေးလိုက်သည်။

ဂရန်းမာစတာအခန်းမှထွက်လာပြီးနောက် ထန်စန်းအိပ်ဆောင်သို့ပြန်လာခဲ့သည်။
ယခုတစ်ခါတွင်တော့အခန်းကအလွတ်ကြီးဖြစ်မနေပေ၊ အလုပ်သင်ကျောင်းသားများနှင့်ပြည့်နှက်နေပြီဖြစ်၏။ သူတို့ကထွေရာလေးပါးပြောနေကြသည်။

“ရှောင်စန်း နင်ပြန်လာပြီလား”

ရှောင်ဝူက ကုတင်ပေါ်၌လဲနေသည်။ ဟုတ်ပေသည်။ လက်ရှိထန်စန်းနှင့်သူမတို့နှစ်ဦးပိုင်အိပ်ယာပေါ်၌လှဲနေခြင်းပင်။

“ရှောင်ဝူ ငါ့ကိုတံမြက်စည်းလှည်းရမဲ့နေရာခေါ်သွားပေး၊ ငါ့ကတိအတိုင်းဒီနေ့ကစပြီး တံမြက်စည်းလှည်းတာကငါ့တာဝန်ဖြစ်သွားပြီ”

ပေးပြီးသားကတိများအတိုင်းလိုက်နာခြင်းက အမူအကျင့်ကောင်းတို့်၏အခြေခံပင်၊ ထန်းစန်းမှာသူပေးပြီးသားကတိကိုဖျက်မည်မဟုတ်။

ရှောင်ဝူက သူ့အားစိုက်ကြည့်သည်။ သူမလေး ကပြော၏။

“တံမြက်စည်းလှည်းချင်နေသေးတာလား၊ ဘယ်လောက်တောင်ညံလိုက်တဲ့ကောင်လေးလဲ၊အခုအချိန်ကစပြီးနင်တံမြက်စည်းဆက်လှည်းစရာမလိုတော့ဘူးလေ ငတုံးလေးရဲ့”

ထန်စန်းခနမျှ ကြောင်အသွားသည်။ ထို့နောက်မေးလိုက်၏။

“ဘာလို့လဲ”

ရှောင်ဝူက ဆရာမကြီးဟန်ဖြင့်ပြောသည်။

“ဘာလဲနင်ကအစ်မရှောင်ဝူဆိုတဲ့ခေါင်းစဉ်က အလကားလို့ထင်နေတာလား၊ ဟိုရှောင်ချန်ယုဆိုတဲ့ကောင်ရဲ့နောက်လိုက်နောက်ပါတွေက ငါတို့အလုပ်သင်ကျောင်းသားတွေရဲ့အလုပ်ကိုကိုယ်စားလုပ်ပေးလိမ့်မယ်၊ ဒါပေမဲ့ပိုက်ဆံကတော့ငါတို့ရမှာပဲ၊ နင်ကတော်တော်လေးကိုခွန်အားကြီးပေမဲ့ ဒါလေးတောင်မစဉ်းစားနိုင်ဘူးဆိုတော့ ငတုံးကြီးဖြစ်သွားပြီ ဟားဟား”

ထန်စန်းကသူ့ကတိအားမဖျက်လိုသော်လည်း သူကရေလိုက်ငါးလိုက်မနေတတ်သူမဟုတ်၊ သူကချောင်းဟန့်ရင်း...

“မိုက်တာပေါ့ ကိစ္စတွေကအဆင်ပြေသွားတာပဲ၊ ဟဲဟဲ ဒီတော့နင်ကနော်ဒင်အကယ်ဒမီတစ်ခုလုံးရဲ့အစ်မကြီးဖြစ်သွားတာပေါ့၊ နောက်ဆိုငါလဲ အစ်မကြီးရှောင်ဝူလို့ခေါ်မှနဲ့တူတယ်”

ရှောင်ဝူကလှဲနေရာမှထထိုင်သည်။ ပေါင်တံလေးများကိုဖက်ထားကာထိုင်ရင်း သူမမျက်နှာလေးကပန်းဆီရောင်ပြေးသွား၏။ ထန်စန်းအား စူးစမ်းလိုဟန်ဖြင့်ကြည့်ကာ မေးသသည်။

“ဝိညာဉ်ခန်းမကိုသွားတဲ့ နင့်ကိစ္စကရောအဖြေဘယ်လိုလဲ”

ထန်စန်းက..

“အဆင်ပြေတယ်၊ အခုဆိုငါကတရားဝင် ဝိညာဉ်သခင်တစ်ယောက်ဖြစ်သွားပြီလေ”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အပိုင်း ၆၆