အပိုင်း ၅၃
စုယွင်တောက်က ခပ်ချဉ်ချဉ်ပြုံးရင်း...
“သေချာတာပေါ့ ဒီကလေးရဲ့စိတ်ဝိညာဉ်ကကျတော့်ကြောင့်နိုးထခဲ့ရတာပဲ၊ ဘယ်မမှတ်မိဘဲနေပါ့မလဲ၊ ကျတော်ပြောခဲ့ဖူးတဲ့ ပြည့်ဝဝိညာဉ်စွမ်းအားနဲ့ကောင်လေးကိုမှတ်မိလား၊ ငွေပြာမြက်ပိုင်ရှင်လေ၊ သူက အခုဝိညာဉ်ကွင်းရသွားပြီ၊ ဒါကြောင့်မို့လို့ အဖိုးကိုဒုက္ခလာပေးတာ၊ စီစီကကျတော့်ကိုစောင့်နေလို့ ဒီကလေးကိုအပ်ခဲ့မယ်နော်”
ထိုသို့ပြောပြီးနောက် သူကထန်စန်း၏ပုခုံးကိုပုတ်ရင်း အလျင်စလိုထွက်ခွာသွား၏။
ထွက်ခွာသွားသော စုယွင်တောက်၏နောက်ကျောကိုကြည့်ရင်း ဝိညာဉ်သခင်ဖြစ်သောအဖိုးအိုက ခေါင်းကိုယမ်းသည်။
“နောက်ထပ်အချစ်မှာ ရူးသွပ်နေတဲ့ လူငယ်လေးတစ်ယောက်ပဲ၊ စီစီကသူနဲ့မလိုက်ဖက်ဘူး၊ အဲ့ကောင်မလေးကအမြင့်ကိုအရမ်းတက်ချင်လွန်းတယ် မင်းကဘယ်လိုများသူမကိုချည်နှောင်နိုင်မှာလဲ”
ထန်စန်းက မာရှန်းညိုဆိုသောအဖိုးအိုဘေးနားရပ်ကျန်နေခဲ့သည်။ အဖိုးမာဆိုသောအဖိုးအိုမြည်တွန်တောက်တီးနေသည်ကို နားထောင်နေရင်း စိတ်စောလာသောကြောင့် အလောတကြီးနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဂရန်းမာစတာ”
အဖိုးမာကထန်စန်းအားခပ်ဖွဖွပြုံး၍ကြည့်သည်။ ထို့နောက်သူက...
“ကလေး အဖိုးကိုဂရန်းမာစတာလို့ခေါ်စရာမလိုပါဘူးကွယ်၊ တခြားဂရန်းမာစတာတွေနဲ့အဖိုးကယှဉ်လို့မရတော့ပါဘူး၊ ဖိုးဖိုးမာလို့ခေါ်ရင်ပဲရပါပြီ၊ ဒီနှစ်ဆိုအဖိုးက အသက် ၈၁နှစ်ရှိပြီလေ မြေးလေးရဲ့အဖိုးအရွယ်လောက်ရှိတာမိုလို့ ဖိုးဖိုးလို့ခေါ်လဲပြဿနာမရှိပါဘူး”
အဖိုးအို၏ကြင်နာဖော်ရွေသောလေသံက ထန်စန်းအားအကောင်းမြင်စေသည်။ အလျင်စလိုဖြင့် သူထပ်ပြောလိုက်၏။
“မင်္ဂလာပါဗျ ဖိုးဖိုးမာ”
အဖိုးမာကကျေနပ်သည့်ဟန်ဖြင့် ခပ်ဖွဖွပြုံးသည်။ သူက..
“လာ မြေးကို အဖိုးထောက်ခံလုပ်ဖို့အတွက်စစ်ဆေးရမဲ့နေရာကိုခေါ်သွားပေးမယ်၊ မြေးကလိမ်မ္မာတဲ့ကလေးပဲ၊ သနားစရာကောင်းတယ် သနားစရာကောင်းတယ် စိတ်ဝိညာဉ်ကငွေပြာမြက်ဖြစ်နေရတယ်လို့”
ထိုသို့ပြောနေရင်း အဖိုးအိုမာရှန်းညိုက ထန်စန်း၏လက်ကိုဆွဲ၍ သူ့အခန်းမှထွက်လာသည်။ဒုတိယထပ်တွင်ရှိသော ဝိညာဉ်ခန်းမအတွင်းပိုင်းသို့ခေါ်သွား၏။
ထိုနေရာသို့သူတို့ရောက်လာသည့်အခါ တံခါးဝသုံးခုအားထန်စန်းတွေ့လိုက်ရသည်။
အဖိုးမာ ကခပ်ဖွဖွပြုံးရင်း..
“ဒီနေရာက အဆင့်တက်ကြောင်းထောက်ခံချက်အတွက် စစ်ဆေးတဲ့နေရာပေါ့၊ လိုက်ခဲ့ မြေး”
ပြောရင်းတန်းလန်းဖြင့် အဖိုးအိုကဘယ်ဘက်အစွန်ဆုံးကတံခါးအားဖွင့်သည်။ ထန်စန်းအားခေါ်၍အထဲသို့ဝင်သွား၏။
အခန်းတွင်းသို့ရောက်သည့်အခါ ထူးခြားသောခံစားချက်တစ်ခုအား ထန်စန်းရလိုက်သည်။ သူ့ကိုယ်အတွင်းရရှိ ဆန်းကြယ်ကောင်းကင်ပညာ၏ကိုယ်တွင်းစွမ်းအင်က ထူးဆန်းသောစည်းချက်ဖြင့် တိုးတက်လာသည်ကိုခံစားမိလိုက်သည်။
အခန်းမှာအလွန်ကြီးမား၏။ စတုန်းးမီတာ၂၀၀ပတ်လည်ပင်ရှိနိုင်သည်။ ကြီးမားသောပြတင်းပေါက်ကြီးတစ်ခုမှလာသောအလင်းက လုံလောက်သည်ထပ်ပင်ပိုပေသည်။
သူ့ကိုယ်တွင်းစွမ်းအင်ကို လှုပ်ခပ်သွားစေသည့်အရာအားထန်စန်းရှာတွေ့လိုက်၏။ ပတ်ပတ်လည်ရှိ နံရံလေးခု၌မရေမတွက်နိုင်သော လက်တစ်ဝါးအရွယ် အမည်းရောင်ကျောက်တုံးလေးများကိိုတွေ့လိုက်သည်။ ဝိညာဉ်နိုးထပွဲတုန်းက စုယွင်တောက်သုံးခဲ့သည့်ကျောက်တုံးလေးများနှင့်တူညီနေသည်။
ကြမ်းပြင်ပေါ်၌ ဝိညာဉ်ခန်းမတံဆိပ်တိုင်းတွင်တွေ့မြင်နိုင်သော ဓါးရှည်ပုံအားအလွန်ကြီးမားစွာပုံဖေါ်ထား၏။
ဝိညာဉ်ခန်းမရှေ့၌ ချိတ်ဆွဲထားသကဲ့သို့ပင်။
ထန်စန်းကကြမ်းပြင်ရှိသင်္ကေတအားကြည့်နေသည်ကို ဂရန်မာစတာမာရှန်းညိုကသတိပြုမိသွားသည်။ သူကချိနဲ့စွာပြုံးရင်း...
“အဖိုးတို့ရဲ့ဝိညာဉ်ခန်းမကအဆင့်အနိမ့်ဆုံးဝိညာဉ်ခန်းမပဲ၊ ဝိညာဉ်ခန်းမခွဲလို့လဲခေါ်ကြတယ်၊ တိုက်ကြီးတစ်ခုလုံးမှာ အသေးဆုံးမြို့တစ်မြို့တောင်မှ အဖိုးတို့လိုဝိညာဉ်ခန်းမတစ်ခုတဲ့ရှိကြတယ်ကွဲ့၊ ခန်းမခွဲတွေရဲ့အထက်မှာ အဆင့်နိမ့်ဝိညာဉ်ခန်းမတွေရှိတယ်၊ သူ့အထက်မှာသခင်အဆင့်ဝိညာဉ်ခန်းမရှိတယ်၊ သခင်အဆင့်ကိုရောက်တဲ့ဝိညာဉ်ခန်းမတွေကတော့မြို့ကြီးတွေမှာပဲရှိကြတာလေ၊ ၄ဆင့်မြောက်မှာရှိတာကတော့ သူတော်စင်အဆင့်ဝိညာဉ်ခန်းမတွေပဲ၊ ထိပ်ဆုံးအဆင့်မှာရှိနေတာကတော့ ပုပ်ရဟန်းတို့ရဲ့ခန်းမပဲ ပုပ်နန်းဆောင်လို့လဲခေါ်ကြတယ်၊ အဲ့နေရာကအဖိုးတို့ဝိညာဉ်ခန်းမရဲ့အမြင့်မြတ်ဆုံးနေရာပဲ၊ ပုပ်နန်းဆောင်ရဲ့အထက်မှာတော့ ဒဏ္ဍာရီလာ တုန်းလျှိုခန်းမ/စစ်နတ်ဘုရားခန်းမပဲရှိတော့တယ်၊ အဆင့်၉၀ဖြစ်တဲ့ စစ်နတ်ဘုရားဘွဲ့ရသူတွေမှ အဲ့ခန်းမကိုဝင်ဖို့အရည်အချင်းရှိတယ်၊ အဖိုးတို့လိုဝိညာဉ်သခင်တွေအားလုံးရဲ့ပန်းတိုင်အဖြစ်သတ်မှတ်ထားကြတဲ့နေရာပေါ့”
အဖိုးမာပြောပြသောဝိညာဉ်ခန်းမ၏အဆင့်၆ခုက ဂရန်းမာစတာပြောပြခဲ့ဖူးသော သင်္ကေတခြောက်မျိုးနှင့်အလားတူကြောင်း ထန်စန်းနားလည်လိုက်သည်။
“ကျတော်ကို ဒါတွေသိအောင်ရှင်းပြပေးတာကျေးဇူးတင်ပါတယ် အဖိုး ကျတော်တို့အခုစလို့ရပြီလား”
အဖိုးမာကပြုံးရင်းပြောသည်။
“ယနေ့ခေတ်လူငယ်တွေကတော့.....ဒီလိုမျိုးပဲစိတ်မရှည်ကျတာလား၊ ကောင်းပြီလေ ဒါဆိုလဲစကြတာပေါ့၊ မင်းစိတ်ဝိညာဉ်ကိုလွှတ်လိုက် ဝိညာဉ်ကွင်းကိုပါထုတ်ဖော်လိုက်ပါ”
ဓါးပုံသဏ္ဍာန်သေင်္ကတအလယ်၌ထန်စန်းရပ်ရင်း သူ့ညာလက်ကိုမြောက်သည်။ အာရုံစူးစိုက်ရင်း အသက်တစ်ချက်ရှိုက်၏။ ဆန်းကြယ်ကောင်ကင်ပညာရပ်၏စွမ်းအားနှင့်အတူ သူ့လက်ဖဝါးမှနွေးထွေးသောခံစားချက်ဖြင့် ငွေပြာမြက်လေးကထွက်ပေါ်လာသည်။
ငွေပြာမြက်မှ ကြံခိုင်ထူထဲသောမြက်ရွက်များကမျက်စိတမှိတ်အတွင်းကြမ်းပြင်ပေါ၌ဖုံးလွှမ်းသွား၏။ နတ်ဆိုးအိမ်မက်မြွေ၏ဝိညာဉ်စက်ဝန်းက ထန်စန်းခြေထောက်မှထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်၌ဝဲနေသည်။
အဖိုအို၏သိမ်မွေ့သောအပြုံးကထန်စန်းထံမှငွေပြာမြက်ထွက်ပေါ်လာသည့်အချိန်၌ပျောက်ကွယ်သွားသည်။ သူကထန်စန်းလက်ပေါ်ရှိငွေပြာမြက်အားကြည့်ရင်း ကြက်သေသေသွား၏။
“ဒါ..ဒါကငွေပြာမြက်လား”
ငွေပြာမြက်အားထုတ်ဖော်ထားခြင်းကြောင့် ထန်စန်းမျက်ဝန်းထဲ၌အပြာရောင်မှိန်ဖျော့ဖျော့အလင်းက လင်းလက်နေသည်။
“ပြဿနာရှိလို့လား ဖိုးဖိုး”
အဖိုးအိုကမျက်လုံးအားပွတ်သပ်ကာပြန်ကြည့်သည်။ သူအမြင်မှားနေခြင်းမဟုတ်၊ ယခုမှ သူကထန်စန်းကိုယ်ပေါ်ရှိ အဝါရောင်ဝိညာဉ်စက်ဝန်းအားမြင်သွား၏။
“နှစ်တစ်ရာဝိညာဉ်ကွင်းလား၊ တကယ်ကြီးနှစ်တစ်ရာဝိညာဉ်ကွင်းပဲကိုး၊ ငွေပြာမြက်ဒီလောက်ပြောင်းလဲသွားတာအံသြစရာတော့မရှိပါဘူး၊ ကလေး မင်းနာမည်ကဘယ်လိုခေါ်တယ်”
“ကျတော့်နာမည်က ထန်စန်းပါ”
အဖိုးမာကသက်ပြင်းကိုခပ်လေးလေးချလိုက်သည်။ တုန်လှုပ်သွားသော သူ့စိတ်အားနောက်ဆုံးတွင် ပြန်ထိန်းနိုင်လိုက်ဟန်ဖြင့်...
“နော်ဒင်အကယ်ဒမီမှာ မြေးကဆရာကောင်းတစ်ယောက်ရထားတာပဲ၊ ဘာပဲဖြစ်ဖြစ် နော်ဒင်အကယ်ဒမီကဆရာတွေရဲ့အစွမ်းနဲ့တောင်မှာ နှစ်တစ်ရာဝိညာဉ်သားရဲကိုအမဲလိုက်ဖို့အတော်ခက်တာလေ၊ ဆိုးတာက ငွေပြာမြက်ရဲ့တိုးတက်နိုင်စွမ်းကအရမ်းကိုနိမ့်နေတာပဲ၊ မဟုတ်ရင်း မြေးက စွမ်းအားကြီးဝိညာဉ်သခင်တစ်ယောက်ဖြစ်လာမှာ၊ ပြီးတော့လဲ မြေးရဲ့စိတ်ဝိညာဉ်ကနိုးထတာလအနည်းငယ်ပဲရှိသေးတာမဟုတ်လား”
အဖိုးအိုကဘေးတစ်ဖက်ခြမ်း စားပွဲပေါ်ရှိ အဝါရောင်သလင်းဘောလုံးအားယူ၍ ထန်စန်းအားကမ်းပေး၏။
“ဒီထဲကိုမြေးရဲ့ဝိညာဉ်စွမ်းအားထည့်လိုက် မြေးဘယ်အဆင့်ရောက်နေပြီလဲဆိုတာ အဖိုးတစ်ချက်ကြည့်လိုက်မယ်၊ သီအိုရီအရဆိုရင်တော့မြေးက အဆင့်၁၁……”
အဖိုးအို မာရှန်းညို မှာစကားကိုပင်ဆုံးအောင်မပြောလိုက်ရ၊ ထန်စန်းလက်တွင်းရှိ သလင်းဘောလုံးမှာအဝါရောင်မြူခိုးအလင်းဖြင့်တောက်ပလာသည်။ ထိုအလင်းမှာအရမ်းထိန်လင်းမနေသော်လည်း ရှင်းလင်းစွာဖြင့်မြင်နိုင်၏။
“ဒါ...ဒါက…… အဆင့်၁၃ရောက်နေတဲ့ ဝိညာဉ်စွမ်းအားပဲ”
အဖိုးမာမှာထန်စန်းအား မွန်းစတားတစ်ကောင်အားမြင်နေရသည့်အလားကြည့်၏။
“ဒီလိုဖြစ်ရတာ ဝိညာဉ်ကွင်းကိုယ်တိုင်ကစွမ်းအားကြီးနေလို့ပဲဖြစ်ရမယ်၊ ဒါကြောင့်မတော်တဆ အဆင့်တက်သွားတာ၊ ဒါပေမဲ့ အဆင့်၂ဆင့်တောင်မကျော်သွားသင့်ဘူးလေ၊ အာ ...ကလေး မြေးရဲ့ဝိညာဉ်ကွင်းက ဘယ်သားရဲဆီကရတယ်ဆိုတာပြောပြလို့်ရမလား”