အပိုင်း ၄၅
စိတ်ဝိညာဉ်တစ်ခုကဝိညာဉ်ကွင်းကိုရသွားသည့်အခါ သူတို့၏စွမ်းရည်များမှာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဥ်အောက်တွင် တိုးတက်လာကြ၏။ မတူညီသောစိတ်ဝိညာဥ်များက တူညီသောဝိညာဉ်ကွင်းတစ်ခုကိုစုပ်ယူကြမည်ဆိုလျှင်ပင် ကွဲပြားသောစွမ်းရည်များသာရှိလာကြမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် သက်တမ်းတစ်ခုသာကွာခြားသည့် မျိုးတူသောဝိညာဉ်ကွင်းများကိုစုပ်ယူခြင်းကလည်း မတူညီသည့်ရလဒ်များကိုပေးစွမ်းနိုင်၏။
ထို့ကြောင့် ဂရန်းမာစတာ၏ဝိညာဉ်သီအိုရီမှာအတော်လက်ခံနိုင်လောက်ဖွယ်ရှိသည်။ သူ့အနေဖြင့် ထန်စန်း၏ပထမဆုံးဝိညာဉ်ကွင်းရလဒ်အားကြည့်ကာထိုသီအိုရီအားအတည်ပြုလိုချင်းဖြစ်၏။
ထန်းစန်းက...
“ဆရာ ဒီရက်တွေမှာ ငွေပြာမြက်ကို ၁၀နှစ်သက်တမ်းသားရဲတွေနဲ့စမ်းကြည့်သေးတယ်၊ဆရာပြောတဲ့ဟာက လုံးဝကြီးမမှန်တာတော့မဟုတ်ဘူး၊ ငွေပြာမြက်က နတ်ဆိုးအိမ်မက်မြွေရဲ့အဆိပ်သဘာဝကိုရခဲ့ပေမဲ့ သေစေနိုင်လောက်အောင်တော့မပြင်းဘူး၊ အကြောသေစေတဲ့စွမ်းအားလောက်ပဲရခဲ့တယ်၊ ဒါပေမဲ့အဲ့စွမ်းအားသက်ရောက်ဖို့အတွက် ရန်သူနှင့်တိုက်ရိုက်ထိတွေ့နေဖို့လိုတယ်၊ အဆိပ်သဘာဝကတော့အရမ်းကြီးသန်မာတယ်လို့မပြောနိုင်ပေမဲ့ ကန့်သတ်ချုပ်ချယ်နိုင်စွမ်းတော့အပြည့်ရှိတယ်၊ပြီးတော့ငွေပြာမြက်ရခဲ့တဲ့စွမ်းရည်က ချုပ်နှောင်ခြင်းပဲ၊ ဝိညာဉ်စွမ်းအားသုံးစွဲမှုပေါ်မူတည်ပြီးရန်သူကိုမလှုပ်နိုင်အောင် ချုပ်ပေးနိုင်တယ်”
ထိုသို့ပြောရင်း ထန်စန်းဝိညာဉ်စွမ်းအင်များပို့လွှတ်၍ ငွေပြာမြက်၏စွမ်းရည်အားထုတ်သုံးပြလိုက်၏။
ဆယ်ပင်ထက်ပိုမည်ပုံရသော အပြာရင့်ရောင် ငွေပြာမြက်ရွက်များက ချုံနွယ်ပိတ်ပေါင်းများမှထိုးထွက်လာကြ၏။ လျက်တပြက်ဆိုသလို သစ်ပင်ကြီးတစ်ပင်၏ပင်စည်အားဦးတည်သွားသည်။ မြက်ဓါးသွားများက ရင်သက်ရှုမောဖွယ်ကောင်းသောအမြန်နှုန်းဖြင့် စတုန်း၁၀မီတာပတ်လည်အားဖုံးလွှမ်းလိုက်၏။ ဤအကွာအဝးတွင်း မည်သူတစ်ဦးတစ်ယောက်မှ ထိုမြက်ဓါးသွားများအားရှောင်နိုင်မည်မဟုတ်။
ချက်ချင်းဆိုသလို ငွေပြာမြက်များကငွေပြာမြက်နွယ်များက သစ်ပင်ကြီးအား တင်းကြပ်စွာချည်နှောင်ထားလိုက်သည်။
ဂရန်းမာစတာ၏မျက်လုံးအလင်းတစ်ချက်လက်သွား၏။ သေချာစဥ်းစားနေဟန်ဖြင့်...
“ထင်တဲ့အတိုင်း ထိန်းချုပ်လမ်းစဥ်ဝိညာဉ်သခင်ရဲ့လက္ခဏာပဲ၊ တကယ်လို့မင်းမှာသာ စွမ်းအားပြင်းတိုက်ကွက်တစ်ခုရှိရင် မင်းစိတ်ဝိညာဉ်ရဲ့အစွမ်းကိုပိုပြီးအကျိုးသက်ရောက်မှုရှိစေလိမ့်မယ်၊ ဘာလို့ထိန်းချုပ်လမ်းစဉ်ဝိညာဉ်သခင်လို့ခေါ်ကြတာလဲ၊ ရန်သူရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နိုင်လို့ပဲမဟုတ်လား၊ မင်းရဲ့ချုပ်နှောင်ခြင်းစွမ်းရည်ကလဲအဲ့သဘောမျိုးပဲ၊ သူ့ကိုအကြောသေစေတဲ့အဆိပ်နဲ့ထည့်ပေါင်းထားတော့ ဝိညာဉ်ကွင်းနှစ်ကွင်းရှိတဲ့ ဝိညာဉ်သခင်ကလွဲလို့ မင်းကိုဘယ်သူမှ မင်းရဲ့ချုပ်နှောင်ခြင်းစွမ်းရည်ကနေရုန်းထွက်နိုင်မှာ မဟုတ်ဘူး၊ ရှောင်စန်း ဆရာတို့အောင်မြင်သွားပြီကွ”
စိတ်ဝိညာဉ်များအကြောင့်ပြောနေရသည့်အခိုက် ဂရန်းမာစတာမှာ လူမမာနှင့်ပင်မတူ သူ့မျက်လုံးများကအားမာန်ပြည့်ဝနေပြီး သူ့လေသံမှာလည်းမဖော်ပြနိုင်အောင် စိတ်လှုပ်ရှားတက်ကြွနေပုံရသည်။
ငွေပြာမြက်၏အကောင်းဆုံးလက္ခဏာမှာ သူ၏ခန့်မှန်းမရနိုင်သောသဘာဝပင်၊ ထန်စန်းစမ်းသပ်ချက်အရ ငွေပြာမြက်ကိုသုံး၍ မီတာ၅၀အတွင်း မည်သည့်နေရာမှဆို သူတိုက်ခိုက်နိုင်၏။ သူတို့အားသတိထားမိရန်မဖြစ်နိုင်။ ပြောရမည်ဆိုလျှင်တောထဲ၌အပင်များစွာရှိသော်လည်း ငွေပြာမြက်ကမူနေရာအနှံံ့ပေါက်ရောက်နေသည်။ သူတို့ကသဘာဝနှင့်တသားတည်းဖြစ်နေသဖြင့်အာရုံခံမိရန်မဖြစ်နိုင်ချေ။
ထန်းစန်းကမီးပုံပေါ်မှစွတ်ပြုတ်အိုးကိုချ၏။ စွပ်ပြုတ်ရေနှင့်တကွလှီးထည့်ထားသောအသားစများအားနည်းနည်းချင်း ဂရန်းမာစတာအားတိုက်သည်။
ဗိုက်ထဲ၌အစာရှိသွားသောအခါ ဂရန်းမာစတာမှာပိုမိုသက်သာလာပုံရ၏။ ပုံမှန်ဆိုအနားဆက်ယူရမည်ဖြစ်သော်လည်း သူတို့တွင်ရွေးချယ်စရာမရှိပေ။ သူတို့ယူလာခဲ့သောအစားအစာနှင့်ရေများမှာ ရက်အတော်ကြာပြီးနောက် ကုန်ခမ်းလုနီးပါးဖြစ်သဖြင့် ဝိညာဉ်အမဲလိုက်တောမှ အလျင်အမြန်ထွက်ခွာမှဖြစ်ချေမည်။
အခြေအနေအရ ထန်စန်းမှာတတ်နိုင်သလောက်
ရိက္ခာများကိုချွေတာခဲ့သေးသည်။
ဂရန်းမာစတာမှ လှုပ်ရှားသွားလာဖို့ရန်ခွန်အားမရှိသေးသောကြောင့် ဝိညာဉ်အမဲလိုက်တောမှထွက်ရန် ထန်စန်းကပင်နောက်ကျော၌ပိုးလာခဲ့ရ၏။ လူနှစ်ယောက်၏အရွယ်အစားကွာခြားချက်ကြောင့် ဂရန်းမာစတာ၏ခြေထောက်များမှာ မြေပေါ်တွင်တရွတ်တိုက်ဖြစ်နေသည်။ သူ၏ရုပ်ခွန်အားနှင့်ကိုယ်တွင်းစွမ်းအင်အားမှီခိုပြီး ဂရန်းမာစတာ၏လမ်းညွှန်ချက်တို့ကြောင့်ဝိညာဉ်အမဲလိုက်တောမှထွက်လာနိုင်ခဲ့၏။ ထို့နောက်ရထားလုံးတစ်စီးအားငှားပြီး နော်ဒင်မြို့ရှိဝိညာဉ်အကယ်ဒမီသို့ပြန်လာနိုင်ခဲ့တော့သည်။
ဝိညာဉ်အမဲလိုက်မှစ၍ ထန်းစန်းဂရန်မာစတာအားသယ်လာခဲ့သည့်ခရီးစဥ်တစ်လျှောက်လုံး၌ ဂရန်းမာစတာကကျေးဇူးတင်စကားတစ်ခွန်းမှပင်မပြောသော်လည်း သူ့ထန်စန်းကိုကြည့်သောအကြည့်များကမူပြောင်းလဲသွားပြီဖြစ်၏။ သူ၏မပြည့်ဝသောစိတ်ဆန္ဒများကိုဖြည့်ဆည်းပေးနိုင်သည့် တပည့်တစ်ယောက်အားကြည့်သောအကြည့်သာမက ထန်ဟောက်ကထန်စန်းအားကြည့်သည့်အကြည့်ဖြစ်သော အဖေတစ်ယောက်ကသားတစ်ယောက်ကိုကြည့်သည့်ဟန်က သူ့မျက်လုံးထဲ၌ပေါ်လာသည်။
တစ်ရက်သာဆရာဖြစ်ရင် တစ်သက်သာအဖေဖြစ်သည်တဲ့လား၊ ထန်စန်းပြောခဲ့သောထိုစကားလုံးများက ဂရန်းမာစတာ၏နှလုံးသားထဲ၌ တံဆိပ်နှိပ်သကဲ့သို့မှတ်ထင်သွားတော့သည်။
ထန်စန်း၏အသေးစိတ်ဂရုစိုက်မှုကြောင့် သူတို့အကယ်ဒမီသိုပြန်ရောက်သည့်အခါ ဂရန်းမာစတာမှာ ထူထူထောင်ထောင်ဖြစ်လာသည်။ လမ်းလျှောက်ရန်အခက်အခဲရှိသေးသော်လည်း ထန်စန်းလက်အားတွဲပြီး လျှောက်နိုင်လာ၏။ သို့သော်ထန်စန်း၏အမြင်အရ ဂရန်မာစတာမှာယခုရသွားခဲ့သောအဆိပ်ဒဏ်ရာကြောင့် သူ့ခန္ဓာကိုယ်မှာအတော်လေးထိခိုက်သွားရသည်ည်။ လုံးဝပြန်ကောင်းရန် လအနည်းငယ်ခန့်လမ်းမလျှောက်သင့်သေးဟုထင်၏။
ဂရန်းမာစတာမှာ နော်ဒင်အကယ်ဒမီ၏ဂုဏ်ယူရသောဆရာတစ်ဦးဖြစ်ပြီး အထက်လူကြီးများနှင့်အဆက်အသွယ်ရှိသော်လည်း သူကတစ်ယောက်တည်းသမားသာဖြစ်သည်။ မဝေးလှသောအနာဂတ်၌ ထန်စန်းမှာ သူ့ဆရာအားပြုစုစောင့်ရှောက်ရမည်မှန်းသိ၏။ ပြန်လာရာလမ်းတစ်လျှောက်၌ ဂရန်းမာစတာအားစောင့်ရှောက်ဖို့အတွက် နည်းလမ်းအမျိုးမျိုးအားစဥ်းစားနေခဲ့သည်။
အချိန်ကမနက်အစောပိုင်းဖြစ်သဖြင့် အတန်းများစတင်နေပြီဖြစ်သည်။ နော်ဒင်းအကယ်ဒမီအားကြည့်ရသည်မှာ အလွန်ပင်ငြိမ်းချမ်းလှ၏။ ထန်စန်းက ဂရန်းမာစတာအားတွဲကူ၍ သူ့အခန်း၌ချကာ အိပ်ယာပေါ်သို့တင်၍အနားယူစေသည်။
“နောက်ဆုံးတော့ ပြန်ရောက်လာပြီ၊ ဆရာသေသေချာချာအနားယူပါ၊ အခုအချိန်ကနလန်ထူဖို့ကြိုစားရမှာမဟုတ်လား၊ အရမ်းကြီးကိုယ့်ကိုယ်ကိုမခိုင်းနဲ့၊ တကယ်လို့ လုပ်စရာတစ်ခုခုရှိရင် ကျတော့်ကိုခေါ်ခိုင်း”
ဂရန်းမာစတာက ဖြည်းဖြည်းခြင်းခေါင်းငြိမ့်လိုက်ပြီး...
“ဒီတစ်ကြိမ်အသက်ဘေးက သီသီလေးလွှတ်ခဲ့လိမ့်မယ်လို့ ဆရာမထင်ထားခဲ့ဘူး၊ ဆရာ့ကျန်းမာရေးကထားလို့ရတယ်၊ မင်းကျင့်စဥ်ကျင့်တာကကြန့်ကြာနေလို့မဖြစ်ဘူး၊ ဒီအတောအတွင်း မင်းဘာသာမင်းအခြေကျအောင်လုပ်ပါ၊ ရှောင်စန်း မင်းဘယ်ဘက်မှာရှိတဲ့ စာအုပ်စင်ကနေပြီးတတိယတန်းကဒုတိယမြောက်စာအုပ်ကိုလှမ်းယူလိုက် ပြီးတော့ဆရာ့ကိုပေး”
“ဟုတ်ကဲ့”
ဂရန်းမာစတာယူခိုင်းသည့်စာအုပ်အား ထန်းစန်းယူလိုက်၏။ စာအုပ်မှာ ခပ်ထူထူပင်၊ သူ့အားအံသြစေသည့်ကား စာအုပ်ခေါင်းစဥ်ဖြစ်၏။
ဂရန်းမာစတာက သူ့လက်ထဲမှစာအုပ်အားလှမ်းမယူပဲပြောသည်။
“ဒီစာအုပ်ထဲမှာ ဆရာသုတေသနလုပ်ထားတဲ့ဝိညာဉ်စွမ်းအားကျင့်ကြံနည်းတွေအကြောင်းမှတ်တမ်းတင်ထားတယ်၊ ဝိညာဉ်စွမ်းအားက သမထထိုင်ပြီးကျင့်ကြံရတယ်ဆိုပေမဲ့လည်း သူ့ကိုကျင့်ကြံဖို့နည်းစနစ်အမျိုးမျိုးရှိတယ်ကွ၊ ဘယ်လိုလှုပ်ရှားမှုကခွန်အားကိုမြှင့်တင်ပေးနိုင်လဲ၊ ဘယ်လိုအခြေအနေမျိုးက ကျင့်ကြံဖို့အတွက်အသင့်တော်ဆုံးဖြစ်မလဲ စတဲ့အသေးစိတ်တွေကိုအဲ့စာအုပ်ထဲမှာ မှတ်ထားတယ်၊ အခုအချိန်မှာတော့ ဆရာမင်းကို တိုက်ရိုက်တော့ညွှန်ပြမပေးနိုင်သေးဘူး၊ ဒါပေမဲ့အပျင်းမထူပါနဲ့”
“ဟုတ်ကဲ့ပါ ဆရာ”
ထန်စန်းက လေးလေးစားစားဖြင့်ပြန်ဖြေသည်။ သူအနေဖြင့်စာအုပ်အားဖွင့်မကြည့်ရသေးသော်လည်း သူနှလုံးသားထဲ၌အလွန်အမင်းတုန်လှုပ်သွားသည်ကအမှန်ပင်။
ဒီတကြိမ်ဝိညာဉ်ကွင်းစုပ်ယူ၍ အဆင့်ချိုးဖျက်ပြီးနောက် ထန်စန်းတော်တော်များများအားနားလည်သွား၏။ သူကြားသိခဲ့ရသည့်စိတ်ဝိညာဉ်များအကြောင်း ခြုံငုံလေ့လာကြည့်လိုက်သည့်အခါ ဝိညာဉ်စွမ်းအားဟုခေါ်ကြသည့် စွမ်းအင်မှာလည်း အမှန်တကယ်တွင် ကိုယ်တွင်းစွမ်းအင်တစ်မျိုးသာဖြစ်ပေသည်။ ကျင့်ကြံနေကျသောလူအများစုမှာ ကောင်းမွန်သည့်ကျင့်စဥ်နည်းစနစ်မရှိပဲ သာမန်အတိုင်းကျင့်ကြံနေကြခြင်းသာဖြစ်၏။