အပိုင်း ၄၄

ထန်စန်းက လက်တစ်ဖက်အား ဂရန်းမာစတာ၏ရင်ဘတ်ပေါ်၌ဖိထားသည်။ ခုနလေးတွင်ကမှ အဆင့်မြှင့်သွားသော ဆန်းကြယ်ကောင်းကင်ပညာရပ်၏ကိုယ်တွင်းစွမ်းအင်များအားပို့လွှတ်၏။ သူ့ဘယ်လက်က မြွေဆိပ်များမပျံစေရန် ဂရန်းမာစတာ၏ရင်ဘတ်မှ စွမ်းအင်စီးဆင်းရာ အကြောဆုံလေးခုအားပိတ်လိုက်သည်။တဆက်တည်း ညာလက်ကိုပါဖိလိုက်ပြီး ကိုယ်တွင်းစွမ်းအင်ဖြင့် ဂရန်းမာစတာ၏ကိုယ်ထဲရှိ ချီနှင့်သွေးများလွယ်ကူစွာလှည့်ပတ်နိုင်စေရန် တွန်းပေးသည်။ အဆိပ်များအား တစ်နေရာတည်း၌စုစည်းမိအောင် ဖိအားပေး၏။

ဆန်းကြယ်ကောင်းကင်ပညာမှာ လက်ရှိထန်စန်း၏အစွမ်းထက်ဆုံး စွမ်းအင်ကျင့်စဥ်ဟုဆိုနိုင်သည်။ ထိုကျင့်စဥ်ဖြင့်ရလာသောကိုယ်တွင်းစွမ်းအင်မှာ အဆိပ်မှာအားဖယ်ရှားရာ၌ အလွန်ပင်စွမ်းအားကြီးလှပြီး ပြင်ထန်ကြမ်းတမ်းသောစွမ်းအင်မဟုတ်ပါချေ။ ချည်မျှင်ကဲ့သို့ နူးညံပျော့ပျောင်းသောစွမ်းအင်များက ဂရန်းမာစတာ၏ကိုယ်ထဲသို့ထိုးဖောက်ဝင်ရောက်သွား၏။
အနာဂတ်တွင်ပြဿနာမဖြစ်အောင် ထန်စန်းမှာ ဂရုတစိုက်ဖြင့်လုပ်နေသည်။

ဂရန်းမာစတာ၏အပေါ်အင်္ကျီအား ထန်စန်းချွတ်လိုက်၏။ အနက်ရောင်ချီများကဂရန်းမာစတာ၏ကိုယ်မှထွက်ပေါ်လာသည်။ ဆန်းကြယ်ျကာင်းကင်ပညာ၏ဖိအားပေးမှုအောက်တွင် အနက်ရောင်ချီများမှာ ဂရန်းမာစတာ၏ညာလက်သို့ရောက်သွားရ၏။ ယခုထပ်ထိ ထန်စန်းမှာ ဂရန်းမာစတာ၏ညာလက်၌စည်းထားသောအဝတ်စအားမဖြေသေးပေ။

အဆိပ်သွေးများက ဒဏ်ရာမှတဆင့်ထွက်သွားသည်။ ရောင်နေသောဂရန်းမာစတာ၏လက်မှာတဖြည်းဖြည်းချင်း ပြန်ကျုံလာသည်။ အသားရောင်မှာလည်း ပုံမှန်ပြန်ဖြစ်သွား၏။ ဂရန်းမာစတာ၏မျက်နှာ၌ နာကျင်နေဟန်များပေါ်လာသည်။ ပါးစပ်မှလည်း ဗလုံးပထွေးအသံများထွက်လာ၏။

ခရမ်းပုတ်ရောင်သွေးများ ထွက်သွားပြီးနောက်နဂိုအနီရောင်သွေးများကပေါ်လာသည်။ သွေးများဆုံးရှုံးမှုကြောင့် ဂရန်းမာစတာ၏လက်ကဖြူဖျော့နေ၏။ သူ့ကိုယ်တွင်းစွမ်းအင်က နောက်ဆုံးကျန်သော အဆိပ်များအားထုတ်ပြီးချိန်တွင် ထန်စန်းကလက်မှသွေးဆက်မထွက်အောင် အကြောပိတ်သည်။ သူ့ကိုယ်ရှိအဝတ်အားအနည်းငယ်ဖြတ်ပြီး ဒဏ်ရာအားစီးပေးလိုက်၏။

အစတုန်းကအလောတကြီးဖြင့် ဂရန်းမာစတာစည်းထားသောအဝတ်စအားဖယ်မည်ပြုသော်လည်း သူမလုပ်ခဲ့ပေ။ သူလုပ်ခဲ့ပါက ဂရန်းမာစတာသွေးထွက်လွန်မည်စိုး၍ဖြစ်၏။ ထို့အပြင် ဂရန်းမာစတာအဆိပ်မိခဲ့သည်မှာလည်း အတော်ကြာနေပြီမဟုတ်ပါလား။

နောက်ဆုံးတွင် အဆိပ်မှာ မရှိတော့ချေ။ ထန်စန်း၏မျက်နှာကချွေးများဖြင့်ပြည့်နေသည်။ ဆန်းကြယ်ကောင်းကင်ပညာမှ ဒုတိယအဆင့်သို့ရောက်သွားသော်လည်း စွမ်အားကြီးလွန်းလှသည်တော့မဟုတ်၊ ဤကဲ့သို့ ကိုယ်တွင်းစွမ်းအင်ကိုအဆိပ်ထုတ်ရန်သုံးရခြင်းက စွမ်းအင်အားအလွန်လျင်မြန်စွာကုန်ခမ်းစေ၏။ ဝိညာဥ်ကွင်းအားစုပ်ယူပြီးသည်နှင့်ဆက်တိုက် စွမ်းအင်အားအလွန်းအမင်းထုတ်သုံးခဲ့သောကြောင့်ပေလားမသိ ထန်စန်းမှာထပင်မထချင်တော့။

ထန်စန်းက ဂရန်းမာစတာ၏လက်အားရေဖြင့်သန့်ရှင်းပေးပြီးနောက် အဆိပ်သွေးများသွန်ထားသော တွင်းအားမြေဖို့လိုက်၏။ ဂရန်းမာစတာအားအဆိပ်ထုတ်ပေးသည့် ကိစ္စကအောင်မြင်စွာပြီးဆုံးသွားပြီပင်။

သို့တိုင်အောင် ဂရန်းမာစတာမှာသုံးရက်ဆက်တိုက် သတိဆက်မေ့နေခဲ့သေးသည်။ နေ့တိုင်းထန်စန်းက သူ့အားရေနဲနဲစီတိုက်၏။ ဂရန်းမာစတာ၏ခန္ဓာကိုယ်အားပြန်ပြည့်လာစေရန်အတွက် အသားခြောက်အားရေဖြင့််ပြုတ်၍ စွပ်ပြုတ်လုပ်ကာတိုက်ပေးသည်။ လက်ရှိနေရာမှာ ဝိညာဥ်အမဲလိုက်တောဖြစ်သည့်အတွက် ဤရက်များအတွင်း ထန်စန်းမှာ ဂရန်းမာစတာနားမှ တဖဝါးမှမခွာခဲ့ပေ။

တော်သေးသည်က သူတို့မှာကံကောင်းနေပုံရ၏။ သားရဲများစွာက သူတို့နားမှဖြတ်သွားခဲ့သော်လည်း ဆယ်နှစ်သက်တမ်းသားရဲမှသာဖြစ်ကြပြီး အရမ်းကြီးရန်မလိုကြ။ ထို့အတွက်ကြောင့် ထန်စန်းတို့အတွက်ပြဿနာမဖြစ်ခဲ့ပါချေ။

“ငါဘယ်လိုပြီး ဒီလိုဖြစ်သွားတာလဲ”
ဂရန်းမာစတာ သတိပြန်ဝင်လာသည့်အခါ လေးရက်မြောက်နေ့လည်ခင်းသို့ပင်ရောက်နေပြီဖြစ်၏။

သူခန္ဓာကိုယ်တွင် ခွန်အားတစက်မှမရှိကြောင်း ဂရန်းမာစတာကခံစားမိသည်။ သူ့မျက်လုံးထဲ၌ အရာအားလုံးကမှုန်းဝါးနေပြီး ကမ္ဘာကြီးကပင် ချာချာလည်နေသယောင်၊ လက်ကလေးမြှာက်ဖို့ကိုပင် အတော်ကြိုးစားနေရ၏။

“ဆရာ သတိပြန်ရလာပြီလား”
ထန်စန်းအားအားသင့်သွား၏။ ဂရန်းမာစတာနားသို့ ခပ်မြန်မြန်ပင်ရောက်လာပြီး ကိုယ်တွင်းစွမ်းအင်များအား ထည့်သွင်းပေးသည်။

ဆန်းကြယ်ကောင်းကင်ပညာ၏အကူအညီကြောင့် ဂရန်းမာစတာမှာ အနည်းငယ်ရွှင်လန်းလာပုံရသည်။ မျက်လုံးများက သတိပြန်ဝင်လာပြီး...

“ရှောင်စန်း ဆရာအသက်ရှင်နေသေးတာလား”
ဂရန်းမာစတာက သူ့ဘေးနားရှိထန်စန်းအား အံအားသင့်ဟန်ဖြင့်ကြည်သည်။

ထန်စန်း ခေါင်းညိတ်ပြကာ...

“ဆရာကောင်းကောင်းအသက်ရှင်နေပါသေးတယ် ဒီတစ်ကြိမ် ဒီလိုဖြစ်သွားတာကိုအချိန်ကြာကြာအနားယူတယ်လို့ပဲ သဘောထားလိုက်ပေါ့”

ဂရန်းမာစတာက သူ့ခေါင်းကိုခက်ခက်ခဲခဲလှည့်ပြီး သူ့ညာလက်အားကြည့်၏။

“မင်း ငါ့ကိုကယ်လိုက်တာပဲ”

ထန်စန်းကသူ့ခေါင်းကို ကုတ်ကာ...

“ကျတော်ငယ်ငယ်တုန်းက အဖေကအဆိပ်ဒဏ်ရာတွေကို ကုသဖို့ အခြေခံနည်းလမ်းတွေကိုသင်ပေးဖူးတယ်လေ၊ ဆရာသတိမေ့နေတာ မြင်တော့ ကျတော်လည်းကြိုးစားကြည့်လိုက်တာ၊ ဆက်တိုက်ကြိုးပမ်းပြီးနောက်မှာ အခွင့်အရေးတချို့ရလာခဲ့တယ်၊ ‘သေနေတဲ့မြင်းကိုတောင်အလျော့မပေးပဲဆက်ကုနေရင်ရှင်လာနိုင်သေးတယ်တဲ့’အဲ့ဆိုရိုးတောင်ရှိသေးတယ်မဟုတ်လား”

“ကောင်စုတ်လေး မင်းကမင်းဆရာကို မြင်းနဲ့နှိုင်းလိုက်တယ်ပေါ့”

ဂရန်းမာစတာက ခပ်ဖွဖွပြုံး၏။ သူ၏နဂိုကအရေးအကြောင်းများဖြင့်မျက်နှာက လက်ရှိသွေးအားနည်း၍ဖြူဖျော့နေသောပုံစံဖြင့်ပေါင်းလိုက်သည့်အခါ ငိုနေသည်ကပင် ပို၍ကြည့်ကောင်းဦးပေမည်။

ရှင်သန်ခြင်းကတန်ဖိုးကြီးမားသောအရာတစ်ခုပင်၊ လူတိုင်းမှာလည်း သေရွာမှရုန်းထွက်နိုင်၍အသက်ဆက်ရှင်နိုင်ပါလျှင် ပျော်ရွှင်နေကြမည်သာ၊ ဘဝတစ်လျှောက်လုံးစိတ်ဝိညာဥ်များကို ရည်မှန်းချက်ကြီးကြီးဖြင့် သုတေသနလုပ်ခဲ့သည့် ဂရန်းမာစတာသည်လည်း ချွင်းချက်မဟုတ်ပေ။

ထန်စန်း ရှက်ရှက်နှင့်ရယ်ရင်း...

“ဆရာခဏလောက်အိပ်လိုက်၍ဦး ကျတော်ဆရာ့အတွက် စွပ်ပြုတ်ပူပူလေးလုပ်ပေးမယ်၊ ဆရာနိုးလာရင်သောက်လို့ရပေါ့၊ နောက်သက်သာလာမှ ရိက္ခာခြောက်တွေကိုစားလို့ရမယ်၊ ကျတော်တို့ဝိညာဥ်အမဲလိုက်တောကနေ ခပ်မြန်မြန်ထွက်မှဖြစ်မယ် ဒီမှာရှိတဲ့လေထုကအရမ်းကိုစိုထိုင်းလွန်းတယ်၊ ဆရာ့ဒဏ်ရာအတွက်မကောင်းဘူး”

ဂရန်းမာစတာက တစုံတစ်ခုကိုစဥ်းစားမိသွားဟန်ဖြင့်....
“ရှောင်စန်း မင်းအောင်မြင်သွားလား”

ဂရန်းမာစတာအတွက် သူ့သီအိုရီများက သူ့အသက်ထပ်ပင်အရေးပါ၏။

ထန်စန်းက ပြုံးရင်း...
“ဆရာ စိတ်ပူစရာမလိုတော့ဘူး၊ ကျတော်အောင်မြင်သွားပြီ ဒီမှာကြည့်...”

ထိုသို့ပြောရင်း ထန်စန်းသူ့ညာလက်အားမြှောက်ပြလိုက်၏။ ခပ်မှိန်မှိန်အဖြူရောင်အလင်းက သူ့အရေပြားအောက်မှလင်းလက်လာသည်။ ချက်ချင်းဆိုသလို အပြာရောက်ရင့်ရင့့်ဖြစ်သွားသောငွေပြာမြက်က သူ့လက်ဖဝါးအလယ်မှထိုးထွက်လာသည်။ အဝါရောင်အလင်းစက်ဝန်ူူပ သူ့ခြေထောက်အောက်မှ ထိုးထွက်လာပြီး သူ့ကိုယ်၌တက်လိုက်ဆင်းလိုက်ဖြင့်မျောလွင့်နေ၏။ ထိုလက္ခဏာများက ပထမဆုံးဝိညာဉ်ကွင်းအားပိုင်ထားသည့် ဝိညာဉ်သခင်တစ်ဦးဖြစ်ကြောင်းဖော်ပြနေသည်။

မူလတုန်းက ငွေပြာမြက်မှာ လက်တစ်ချောင်းစာပင်မရှိသော်လည်း ယခုမူလက်သုံးချောင်းစာအရွယ်ဖြစ်နေ၏။ မြက်ရွက်များမှာ နဂိုထပ်အဆများစွာပိုထူလာပြီး တစ်မူထူးခြားသောအရွက်ကြောများလည်းဖြစ်ပေါ်နေသည်။ တဆက်တည်း ငွေပြာမြက်ဆယ်ပင်က လျှပ်စီးကဲ့သို့အလျင်ဖြင့်အဖက်ဖက်သို့ပျံနှံသွားသည်။ နတ်ဆိုးအိမ်မြွေဆယ်ကောင် နေရာအနှံ့တွင် အမဲလိုက်နေသည့်အလား..။

နတ်ဆိုးအိမ်မက်မြွေကဲ့သို့ ငွေပြာမြက်မှာ အနံမပြင်းနေပေ။ လက်ဖက်ရည်နံ့သင်းသင်းကိုသာရ၏။  သို့သော် ထိုယစ်မူးစေသောရနံ့က အန္တရာယ်ဖြင့်ပြည့်နှက်နေသည်။

ဂရန်းမာစတာ၏မျက်ဝန်းထဲ၌ အလင်းများကတဖျတ်ဖျတ်ပြေးသွား၏။ သူကစိတ်လှုပ်ရှားခက်ခက်ခဲခဲတွန်းလှန်နေရဟန်ဖြင့်...

“သူရဲ့ကြံခိုင်မှုကရော ဘယ်လိုလဲ”

'လက်တွေ့မြင်ရခြင်းကသာ ယုံကြည်မှုကိုဖြစ်စေ၏' ဆိုသောစကားအတိုင်း ထန်စန်းကဂရန်းမာစတာအလုပ်ဖြင့်သက်သေပြလိုက်သည်။ သူ့လက်ထဲရှိ ငွေပြာမြက်ဆယ်ပက်အနက်မှ တစ်ပင်ကရုတ်တရက်ပြေးထွက်သွား၏။ သစ်ပင်တစ်ပင်အား ကြိုးဖြင့်ချည်ထားသကဲ့သို့ သွားရစ်ပတ်သည်။ နွယ်၏အစွန်းတစ်ဖက်ကထန်စန်းလက်နှင့်ဆက်နေသည်။ ထန်စန်းနောက်သို့အားဖြင့်ဆွဲလိုက်သည့်အခါ ထိုသစ်ပင်လေးညွှတ်ကျသွား၏။ ငွေပြာမြက်မှာနဂိုအတိုင်းဖြောင့်တန်းနေဆဲပင် ပြတ်သွားမည့်အရိပ်အယောင်ပင်မရှိ..။

“ကောင်းတယ် အကောင်းဆုံးပဲ၊ ဆရာ့ခန့်မှန်းချက်ကလုံးဝကိုမှန်နေတာပဲ၊ ငွေပြာမြက်ကို နတ်ဆိုးအိမ်မက်မြွေရဲ့ဝိညာဥ်ကွင်းနဲ့ပေါင်းစည်းလိုက်တဲ့အခါ အကြမ်းခံနိုင်တဲ့အစွမ်းကိုရသွားတယ်၊ ဆရာမှန်းတာမမှားရင် နတ်ဆိုးအိမ်မက်မြွေရဲ့ အဆိပ်လည်းတွဲလျက်ပါလာလိမ့်မယ်မဟုတ်လား၊ တစ်ခုပဲ သူရဲ့လက်ရှိစွမ်းရည်ကဘာလဲ”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇